RSS
1.

Monday, March 1, 2010

BURMA VJ အော်စကာဆုရရန် အလားအလာကောင်း

၈၂ ကြိမ်မြောက် အော်စကာဆုပေးပွဲ ၌ မြန်မာနိုင်ငံတွင် ၂၀၀ရ ခုနှစ်ကဖြစ်ပွားခဲ့ သည့် ရေဝါရောင် တော်လှန်ရေး ကိုအဓိကရိုက်ကူးထားသော ဘားမားဗီဂျေ(Burma VJ) မှတ်တမ်းရုပ်ရှင်ကားမှာ အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆုရရန် အလားအလာ အလွန်ကောင်းမွန်သည် ဟုခန့်မှန်းပြောဆိုနေကြသည်။
ဒိန်းမတ်နိုင်ငံ ကိုပေဟေဂင် အွန်လိုင်းသတင်းစာ၏ အဆိုအရ “ ဆန်ခါတင် ၅ ကားမှာ ဒီ ဘားမားဗီဂျေ က အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆုရဖို့ အကောင်းဆုံး အနေအထားမှာရှိတယ်” ဟုရုပ်ရှင် အကဲခတ်ခန့်မှန်းများမှ ခန့်မှန်းပြောဆိုနေကြသည်ဟုရေးသားဖော်ပြနေကြသည်။ယခုနှစ် အော်စကာ ဆိုပေးပွဲ ကို လာမည့် မတ်လ ၇ ရက်နေ့တွင် ကျင်းပမည်ဖြစ်သည်။
အဆိုပါ မှတ်တမ်းရုပ်ရှင် ဇတ်ကားမှာ ၂၀၀၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သည် ရွှေဝါရောင် တော်လှန်ရေးမှ သံဃာတော် များနှင့် လူထုအုံကြွမှု့များ ၊ နအဖ ၏ပြင်းထန်စွာ နှိပ်ကွပ်မှု့များကို နိုင်ငံတကာမှ သိမြင်လာစေရန် သတင်းပေးပို့ခဲ့သည့် ပြည်တွင်းမှ ဗီဒီယို သတင်းထောက်များ အကြောင်းကို ဒိန်းမတ် လူမျိုး ဒါရိုက်တာ Asders Ostergaard ကရိုက်ကူးထားခြင်းဖြစ်သည်။
ကြည်.ချင်သောမိတ်ဆွေများ တောင်းဆိုမှုများရှိပါက တင်ပေးပါ.မယ်..

No comments:

Post a Comment