RSS
1.

Thursday, March 4, 2010

ရယ်စရာအပိုင်းအစလေးများ....

မင်းတို့ သိရဲ့လား......................
နွားသိုးခြံတစ်ခုမှာပေါ့ နွားသိုးသုံးကောင်း ရှိတယ်၊ နွားမက ၁၀၀ ရှိတာ...... နွားသိုးသုံးကောင်းက ခွဲတန်နဲ့ နွားမတွေကိုပိုင်ကြတယ်။ အကြီးကောင်းက ၅၀ ပိုင်တယ်၊ အလတ်ကောင်က
၃၀၊ အငယ်ကောင်က ၂၀ ပေါ့။ တစ်နေ့  မှာခြံရှင်က နွားပေါက်နှုန်းနည်းလို
့ဆိုပြီး နွားသိုးတစ်ကောင်ထပ်ဝယ်တော့........သူတို
့သုံးကောင်တိုင်ပင်တာပေါ့ ။



အကြီးကောင်က စပြီးပြောတယ်....“ငါ့ကတော့ တစ်ကောင်မှမခွဲပေးနိုင်ဘူးကွ..” အလတ်ကောင်ကလည် “ငါလည်မပေးနိုင်ဘူး” ဒေါသတွေထွက်နေကြတာပေါ့ ၃
ကောင်စလုံး......... ခဏနေတော့ ခြံရှင်ဝယ်လိုက်တဲ့ နွားသိုးအသစ်ရောက်လာရော
၁၀ ဘီးကားကြီနဲ့  ခြံထဲဝင်လာတယ်။ကားပေါ်ကနေ နွားသိုးကြီးလည်းဆင်းလာရော ၁၀
ဘီးကားခေါင်းတောင်ထောင်သွားတယ် နွားသိုးသုံးကောင်လန့် သွားတာပေါ့၊ ဒါနဲ
့အကြီးဆုံးအကောင်က “ငါတော့ ၂၀ကောင်လောက်ခွဲပေးလိုက်တော့မယ်ကွာ၊
အလတ်ကောင်ကလည် အေးငါလေည်း ၁၀ကောင်လောက်တော့ခွဲပေးမှဖြစ်မယ်ကွ”

အငယ်ဆုံးအကောင်က ဘာမှမပြောဘူး နှာမှုတ်လိုက် ခွာယှက်လိုက်ပဲ လုပ်နေတယ်....ဒါနဲ့ အကြီး နှစ်ကောင်ကမေးတာပေါ့ “ဟဲ့ကောင်မင်းလဲ နဲနဲခွဲပေးလိုက်လေကွာ မင်းနာအုံးမယ်”
ပေါ့ အငယ်ကောင်ကပြန်ပြောတယ်.........“အေးငါသိတယ်ကွ ငါ့ကို နွားထီးမှန်း
သိအောင်ငါလုပ်ပြနေတာ မင်းတို့ သိရဲ့လားတဲ့”

တရားမျှတလိုက်ပုံက....................
တစ်ခါကဆိတ်တစ်ကောင်က မောင်အေးရဲ့ ခြံထဲက ဟင်းသီးဟင်းရွက်တွေ စားပြီးဖျက်ဆီးပစ်လို့  မောင်အေးကရိုက်သတ်လိုက် သတဲ့။ အဲ့ဒီတော့ ဆိတ်ပိုင်ရှင်မောင်ခွေးက
တင်းပြီးထင်တုံးနဲ့ ပေါက်လိုက်တာ မောင်အေး မိန်းမကိုမှန်ပြီး
ကိုယ်ဝန်သုံးလ ပျက်ကျသွားတယ်။ ဒီလိုနဲ့ အချင်းများပြီး ရပ်ကွက်ကောင်စီ
တရားရုံးကို ရောက်လာတော့ တရားသူကြီးက အဖြစ်အပျက်အစုံအလင်ကို နားထောင်ပြီး
စီရင်ချက်ချလိုက်ပုံက မောင်အေးက မောင်ခွေးရဲ့ဆိတ်ကို သတ်လို
့ဆိတ်တစ်ကောင်ပြန် အစားပေးစေ။ မောင်ခွေးက မောင်အေးမိန်းမ ကိုယ်ဝန်သုံးလ
ပျက်ကျအောင်လုပ်လို့  မောင်အေးမိန်းမကို ကိုယ်ဝန်သုံးလ
ရှိအောင်ပြန်လုပ်ပေးစေတဲ့။

လူမှားလို့ ...............................
အလွန်အေးတဲ့ ဆောင်းတမနက်မှာ ကိုရီးယားသားတယောက်ဟာ ထုံစံအတိုင်း နှင်းလျှောစီးဘို့  မိန်းမကိုနှုတ်ဆက်ပြီးထွက်ခဲ့တယ်။ လမ်းရောက်မှ ရာသီဥတုက အရမ်းဆိုးလာတော့
လှည့်ပြန်လာပြီး၊ “အား.........ဒီနေ့  ရာသီဥတုကတော်တော်ဆိုးတာပဲ ”လို
့ပြောပြီးမိန်းမဘေး ပြန်ဝင်အိပ်ချိန်မှာ မိန်းမက လှည့်မကြည့်ပဲ
ပြန်ပြောလိုက်ပုံက “ဒါတောင်အိမ်ကကောင်ကြီးက နှင်းလျှောစီးဖို့ 
သွားသေးတယ်” တဲ့။

ပစ်တာလည်းပစ်ပေါ့ နည်းနည်းတော့သတိထား...............
မြို့မှာ တက္ကသိုလ်သွားတက်တဲ့သား ပြန်လာတော့ ၊ တောမှာနေတဲ့ အဖေက (ရိုးရိုးအအ)ဒီလိုပြောတယ်
အဖေ ။ ။ “ငါ့သား မြို့မှာကျောင်းသွားတက်တာ ပညာကြိုးစားသင်နော်။ အပျော်အပါးတို့ လောင်းကစားတို့ မလုပ်နဲ့ ကြားလား”
သား ။ ။“မလုပ်ပါဘူးအဖေရယ်၊ တစ်ခါတစ်ရံပိုကာလေးဘာလေးတော့ ပစ်တာပေါ့။”
အဖေ ။ ။“အေး အေး..ပိုကာပစ်ရင်လည်း သေချာကြည့်ပစ် ၊ မျက်စိမျက်နှာမှန်ဦးမယ်။”
အိုဆေး...................
အမျိုးသမီးတစ်ဦးသည် အိမ်တစ်အိမ်၏ဆင်ဝင်အောက်တွင် လှုပ်ကုလားထိုင်တစ်လုံးဖြင့်ငြိမ့်နေသော လူကောင်သေးသေး အဖိုးအိုတစ်ဦးကို မြင်သဖြင့် စကားသွားပြောသည်။
“ဒီလောက်ပျော်နေတာကို မြင်တော့ဂရုမထားပဲနေနိုင်တော့လို့ ပါ။ဒီလို
ပျော်ပျော်ကြီးအသက်ရှည်ဖို့ လျှို့ ဝှက်ချက်က ဘာပါလဲရှင့်”

“တစ်နေ့ ကိုစီးကရက်(၃)ဘူးသောက်တယ်၊ တစ်ပတ်ကို ဝီစကီတစ်သေတ္တာ ကုန်တယ်၊ အဆီများတဲ့ အစားအသောက်တွေကိုစားပြီး လေ့ကျင့်ခန်း မလုပ်ဘူး”
“အံ့သြစရာပါလား ၊ အသက်ဘယ်လောက်ရှိသွားပြီလဲ”
“နှစ်ဆယ့်ခြောက်နှစ်.....”
ရယ်မောခြင်းဖြင့် ဘဝအမောများ ပြေကြပါစေ..

No comments:

Post a Comment