RSS
1.

Tuesday, March 9, 2010

နိဗ္ဗာန်လိုချင်က ဒီဘ၀ရနိုင်ပါသည်

နိဗ္ဗာန်လိုချင်က ဒီဘ၀ရနိုင်ပါသည်

အိုရခြင်း၊ နာရခြင်း၊ သေရခြင်း၊ ချစ်ခင်နှစ်သက်သူများနှင့် ကွေကွင်းရခြင်း၊ မချစ်မနှစ်သက် သူများနှင့် ပေါင်းသင်းဆက် ဆံရခြင်း၊ အလိုရှိသည်ကိုမရခြင်းသည် သံသရာ၏ ဆင်းရဲ ဒုက္ခပင်ဖြစ်သည်။ သံသရာဝဋ်ဆင်းရဲနှင့် အစဉ်တွေ့အောင် လုပ်ပေးသော အကြောင်း သည်တဏှာဖြစ်သည်။ တဏှာဆိုသည်မှာတပ်မက်ခြင်းဟု အဓိပ္ပါယ်ရ၏။ မိမိကိုယ် ကိုတပ်မက် ခြင်း၊ မိမိ ပစ္စည်းဥစ္စာကို တပ်မက်ခြင်း၊ မိမိသားမယားအားတပ်မက်ခြင်း၊ သက်ရှိသက်မဲ့ အားလုံးကို တပ်မက်ခြင်းသည် တဏှာဖြစ်၏။ သံသရာမှ လွှတ်ကင်းခြင်းဆိုသည်မှာ
သတ္တ၀ါ တစ်ဦးသည် သေပြီးသည့်နောက် ၃၁ ဘုံ ရှိသည့်အနက် မည်သည့်ဘုံ၌ မှပြန်မဖြစ်ခြင်းကို ဆိုလိုပါသည်။ သံသရာမှလွှတ်ကင်းရအောင်...
( ၁ ) သီလလုံခြုံရမည်၊
(၂ ) သမာဓိခိုင်ခံ့အောင်ပွားများရမည်၊
( ၃ ) ပညာစခန်း(၀ိပဿနာ)သို့ရောက်အောင် လှမ်းရပါမည်။
• သီလနှင့်ပြည့်စုံသော ပုဂ္ဂိုလ်သည် ကွယ်လွန်သည့်အခါ လူဘ၀နှင့်နတ် ဘ၀မှာ ပြန်ဖြစ်နိုင် ပါသည်။
• သမာဓိနှင့်ပြည့်စုံမှသာ ဗြဟ္မာဘုံသို့ ရောက်နိုင်သည်။
• ထို့အတူ ၀ိပဿနာ တရားအားထုတ် မှသာလျှင် နိဗ္ဗာန်သို့ ရောက်နိုင်ပါမည်။

No comments:

Post a Comment