RSS
1.

Thursday, March 25, 2010

တရားရူမှတ်ခြင်း...

မျက်စိကို အသာလေး မှိတ်ထားပါ။ ခေါင်းကို မတ်မတ်ထားပါ ။ ခါးကို မတ်မတ်ထားပါ ။ တစ်ကိုယ်လုံးမှာ ရှိတဲ့အ ကြောတွေကို လျော့ထားပါ ။ အံမကြိတ်နဲ့။ မာန်တင်းမထားနဲ့။ မျက်မှောင်မကုတ်နဲ့ ။ မျက်တောင် မခတ်နဲ့ ။ ကိုယ့်ရဲ့ စိတ် ၊ လိုအင်ဆန္ဒတွေကို လက်မခံပါနဲ့ ။ စိတ်ကို အလိုလိုက်ဖို့ တရားအားထုတ်ရတာ မဟုတ်ပါဘူး။ စိတ်ကို အလိုလိုက်နေတာကိုက တရားအားမထုတ်တာ ၊ တရားနဲ့ မနေတာပါဘဲ ။ ကိုယ့်ရဲ့ စိတ်က ကိုယ်လို သူလို စိတ်ပါ ။ လုပ်ချင်တာ လုပ်နေတာ၊ ကိုယ်နားလည်တာ
လုပ်နေတာ ၊ စိတ်ကို လက်ခံနေတာ တရား မဟုတ်ပါဘူး ။ ကိုယ့်မှာဖြစ်နေတဲ့  စိတ်တွေက တရား မဟုတ်ပါဘူး။


ကိုယ်သိနေတဲ့ စိတ်တွေက စိတ်အစစ် မဟုတ်ပါဘူး ။ အတ္တစိတ်တွေပါ ။ မွေးမြူရေး စိတ်တွေပါ ။ စိတ်အတု တွေကို ဆန့် ကျင်နေမှ ၊ လေ့ကျင့်ပေးထားတဲ့  စိတ်တွေကို ဆန့်ကျင်နေမှ တရားအလုပ်ပါ ။ ကိုယ့်ကိုကိုယ် ဂရုစိုက်နေတဲ့စိတ် ၊ စိတ်ကို အသိအမှတ်ပြုနေတဲ့ စိတ်က ကိုယ်လို သူလို အသုံးမကျတဲ့  စိတ် ၊ မတရား တဲ့ စိတ်ပါဘဲ ။ စိတ်ရှိတယ် လက်ခံပီး စိတ်ကို သိမ်းပိုက်နေတာပါ ။ ကိုယ့်ရဲ့ စိတ်ကို သံယောဇဉ်ဖြတ်ပါ ။ စိတ်ကို လက်မခံပါနဲ့  ။ ဆံပင်တွေ ၊ ခြေသည်း လက်သည်းတွေ ရှိတော့ ရှိနေတာဘဲ ။ ဒါပေမဲ့ ခံစားချက် မရှိဘူး။ ဆံပင်ညှပ်လိုက်လို့  လဲ စိတ်ထဲမှာ ဘယ်လိုမှ မနေဘူး ။ ကတုံး တုံးလိုက်လို့ လဲ စိတ်ထဲမှာ ဘာဝေဒနာမှ မပေါ်သလို ၊ ရှိတော့ရှိတယ် ၊ ဒါပေမဲ့  အကြောတွေနဲ့ ဆက်သွယ်မထားတော့ သီးခြား ရှိနေသလိုပေါ့ ။ စိတ်ကိုလည်း သီးခြားထားပါ ။ တဏှာ အကြောလေး တွေနဲ့  သွားပီးတော့မှ မဆက်ပါနဲ့ ။ စိတ်က သူဟာနဲ့ သူတွေးချင်တွေးမယ် ။ ပူချင်ပူမယ် ။ ပျံ့  ချင်ပျံ့ မယ် ။ အဲ့ဒါတွေကို ငါ့ဟာ.. ငါ့ဟာ… ဆိုပီးတော့ မသိမ်းပိုက်နဲ့ ။ စိတ်က ပူချင်ပူမယ် ၊ သံသယဖြစ်ချင်ဖြစ်မယ် ၊ ဖြစ်တာတွေကို ငါ့ဟာ မလုပ်နဲ့ ။ ဖြစ်တာတွေကို လက်ခံလိုက် ရင် သိမ်းပိုက်လိုက်တာဘဲ ။ သူ့ ဟာနဲ့ သူရှိနေတာ ၊ စိတ်က ဖြစ်နေတာ ကိစ္စမရှိဘူး ။ ဒါတွေကို သွားပီး မသိမ်းပိုက်နဲ့ ။ ကြားတော့  ကြားနေမယ်.. ဘာဘဲညာဘဲ သိလိုက်ရင် သိမ်းပိုက်လိုက်ပီ ။

သူ့ ဟာနဲ့ သူရှိနေပါလေ့စေ ။ ကမ္ဘာကြီး သူ့ ဟာနဲ့  သူလည်နေတာ ကိစ္စမရှိဘူး ။ သိမနေတဲ့  အခါ ကျတော့ ကိုယ်က မူးမနေသလိုပေါ့ ။ ရဟတ်စီးလိုက်ရင် ကိုယ်ကလည်မှန်း သိနေတော့ ကိုယ်က မူးရော ကားစီးရင် လည်း ကားက သွားနေမှန်း သိတဲ့  အခါကျတော့  စိတ်က မူးနောက်နောက် ဖြစ်လာရောဒါဟာ ငြိမ်တာစွဲ နေလို့  လှုပ်ရှားတာကျတော့ လက်ခံလို့ မရဘူးဖြစ်နေရော လှုပ်ရှားရတာများလွန်းရင်လည်း လှုပ်ရှားရတာ ရိုးသွားပီးတော့ ငြိမ်နေရင် စိတ်က ငြိမ်ငြိမ် မနေတတ်ဘူး ဖြစ်ပြန်ရော ဘောင်းဘီဝတ်ဘောင်းဘီစွဲ ၊ ပုဆိုးဝတ် ပုဆိုးစွဲ ၊ တိုက်ပုံဝတ် တိုက်ပုံစွဲ ၊ အင်္ကျီဝတ် အင်္ကျီစွဲတာဘဲ ။ ကိုယ်တုံးလုံးနေ၇င် တုံးလုံးနေ၇တာကြီး စွဲနေ တာ ဘဲ။


ကိုယ့်မှာ ဖြစ်နေတဲ့  စိတ်တွေက ကိုယ်စွဲနေတဲ့ စိတ်တွေပါ ။ ကိုယ်တငါငါနဲ့ လက်ခံခဲ့ တဲ့  စိတ်တွေပါ ။ အဲ့ စိတ်တွေကို စွန့်လွှတ် ။ စွန့်  လွှတ်တဲ့  စိတ်ကို လက်ခံပါ ။ မသိမ်းပိုက်တဲ့ စိတ် ဖြစ်နေတာကိုတော့ လက်ခံတယ် ၊စိတ်ကတော့ လက်မခံရဘူး ။ အသံတွေကိုတော့ လက်ခံတယ် ၊ အသံတွေ သူ့ ဟာနဲ့  သူရှိနေတာကို လက်ခံ တယ် ။ ဒါပေမဲ့  စိတ်ကဒါတွေကို လက်ခံပီးတော့ နားထောင်မနေရဘူး ။ ဘာသံဘဲ ဆိုပီး လက်ခံနား ထောင် မနေရဘူး ။ နားငြီးတယ် ဆိုပီးတော့မှ နားတော့ မပိတ်ထားဘူး ။ သူ့  ဟာနဲ့သူရှိတော့ ရှိနေမယ် ။ ဒါပေမဲ့ အဲ့ ဒါတွေကို သွားပီးတော့မှ မစပ်စုရဘူး ။ ရေဒီယိုဖွင့်သလိုမျိုး ၊ TV ဖွင့်သလိုမျိုး ၊ သူ့ ဟာနဲ့ သူ အသံလွှင့်နေ တာတော့ လွှင့်နေတာဘဲ ကိုယ်က စပ်စုလိုက်ရင် အသံတွေ ကြားရရော ဘာပြောတာ ၊ ညာပြောတာ သိရော ကိုယ့် ရဲ့ စိတ်က အမြဲတမ်းေ၇ဒီယိုဖွင့် ၊ TV ဖွင့်သလို ၊ မျက်လုံးဖွင့်သလို ၊ ပါးစပ်ဖွင့်သလို အမြဲတမ်းဖွင့် နေ တာအဲ့ ဒီဖွင့်တဲ့ စိတ်ကို ဆန့် ကျင်ရမယ် ။ ဖွင့်တဲ့ မျက်စိပိတ်သလို ပိတ်ထားရမယ် ။ စိတ်ကိုလည်း ဆန့် ကျင် နေရမယ် ။ စိတ်က အဆင်းတွေ၊ အသံတွေ ၊ အနံ့ တွေ ၊ အရသာ တွေကို မစပ်စုရဘူး ။ အသိအမှတ်မပြုရဘူး။ စိတ်မ၀င်စား၇ဘူး ။ စိတ်ကို သံယောဇဉ် ဖြတ်ရမယ် ။

စိတ်ဆိုတာ ဘာလဲတော့ မမေးနဲ့  ၊ ကိုယ့်မှာ ဖြစ်နေတာ စိတ်ပဲ ရှိတယ် ။ ဟိုတွေးဒီတွေး တွေးနေတာ ၊ ဟိုသိ ဒီသိ သိနေတာ ၊ ဟိုပူဒီပူ ပူနေတာ ၊ ဒါတွေ အကုန်လုံးဟာ စိတ်ပဲ ။ အဲ့ဒါကို သံယောဇဉ်ငြိတွယ်နေလို့ စိတ်ဖြစ် သမျှ အကုန် လိုက်သိနေတာ ။ ခန္ဓာငါးပါးဖြစ်သမျှ လိုက်ပီးတော့မှ သိနေတာ ။ အဲ့ဒီ အသိတွေကို ၊ တဏှာ နှောင်ကြိုးတွေကို ဖြတ်တောက်ပစ်ရမယ် ။ သူ့ ဟာနဲ့ သူဖြစ်နေတာ ကိစ္စမရှိဘူး ။ ပြောချင်ရာပြော ဒါပေမဲ့ အဲ့ပြောတာတွေကို စိတ်မ၀င်စားဘူး ။ ပြောတာတွေကို သံယောဇဉ် ပြတ်နေတယ် ။ အဲ့စိတ်က အသံတွေကို လက်ခံပီး ပေါင်းမနေဘူး ။ အသံကြားတိုင်း လိုက်ပြီးတော့မှ နားထောင်မနေဘူး ။ အသံဆိုတော့လဲ မကြားတဲ့  အသံတွေကို ဖြတ်စရာမလိုပါဘူး ။ အခု ပစ္စုပ္ပန် ကြားနေတဲ့  အသံတွေကို ဖြတ်ရမှာ ။ အဲ့ဒါတွေ အပေါ်မှာ သံယောဇဉ်ပြတ်အောင် ဖြတ်ရမယ် ။ အသံတွေ ကြားနေ၇တယ် ဆိုတာက ဒါအသံတွေကို သံယောဇဉ် ရှိနေတာဘဲ ။ ကြားတယ်လို့  သိနေရင် သံယောဇဉ် မပြတ်တာဘဲ ။ မပြတ်တာကို ပြတ်အောင်ဖြတ်၇မယ် ။ စိတ်က ဘာဘဲ ညာဘဲ မသိ၇ဘူး ။ အဆင်းတွေကို လက်ခံပီး ပေါင်းမနေဘူး ။ အဆင်းဆိုလို့  ကိုယ်မမြင်တဲ့ အဆင်းကို ဖြတ်စရာ မလိုပါဘူး ။ ကိုယ့်စိတ် အာရုံထဲမှာ ပေါ်လာတဲ့ အဆင်းတွေကို ဖြတ်ရမှာပါ ။ စာလုံးတွေကို လက်ခံပီး ပေါင်းမနေဘူး ။ ရေးချင်တာရေး ငါစာတတ်တယ် ဆိုပြီးတော့ တတ်တဲ့ ပညာမနေသာဆိုသလို စာမြင်တိုင်း လျှောက်ဖတ်မနေဘူး ။


လောကကြီးက သူများကို ရှင်းနေတာ ။ ဟစ်တလာဆိုပြီး အပြတ်ရှင်းတာဘဲ ။ ဘင်လာဒင်ဆိုပြီး အပြတ်ရှင်း တာဘဲ ။ ဘာ…ဘာသာဆို ပြီးတော့မှ ဘာသာတွေကို အပြတ် ရှင်းတာ ။ ဘာလူမျိုးဆိုပြီး လူမျိုးတွေကို ပြုတ် အောင် ဖြုတ်နေတာ ။ သူများရှိတယ်လို့  လက်ခံပြီးသူများကို အပြုတ်ဖြုတ်တယ် ။ တရားအလုပ်က ကိုယ့်စိတ်ရဲ့  သူများရှိတယ်ဆိုတဲ့အထင်မှားကို အပြတ်ဖြုတ်တာ ။ ကိုယ့်ရဲ့ စိတ်ကိုဘဲ အပြုတ်ဖြုတ်တာ ။ ကိုယ့်စိတ်ကို သံ ယောဇဉ်ဖြတ်တာ ။ စိတ်နဲ့ တကိုယ်လုံးနဲ့  ဆံပင်တွေ ၊ သွားတွေ ၊ ခြေသည်း ၊ လက်သည်းတွေက လွဲရင် ကျန် တာတွေနဲ့  အသားတွေနဲ့ အသွေးတွေနဲ့ အကြောမျှင်လေးတွေနဲ့  ဆက်သွယ် ထားသလို ဆက်သွယ်ထားတော့ ခန္ဓာကိုယ်မှာ တခုခု ဖြစ်တာနဲ့ စိတ်က သိတော့တာဘဲ ။ လျှာနဲ့ စိတ်နဲ့ အဆက်အသွယ်ရှိနေတယ် ။ ခြေတွေ ၊ လက်တွေ ၊ ခေါင်းတွေနဲ့ မျက်စိ ၊ နား ၊ နှာခေါင်းတွေနဲ့ စိတ်နဲ့က အဆက်အသွယ် ရှိနေတာ ။ သံယောဇဉ် ဖြစ်နေတယ် ။ မခွဲနိုင် မခွါရက်ဖြစ်နေတယ် ။ အိမ်ထောင်ကျနေတယ်ပေါ့ ။ အဲ့ဒီအိမ်ထောင်ရေးကို ကွာရှင်းပြတ် စဲ၇မယ် ။ သူဟာနဲ့ သူနေပလေ့စေ ။ မျက်စိက သူဟာနဲ့ သူနေပလေ့စေ ။ ဆံပင်လိုမျိုး ၊ ခြေသည်း ၊ လက် သည်း တွေလိုဘဲ လက်သည်းညှပ်လဲ မနာသလိုဘဲ ။ ဘာလို့ လဲ ဆိုတော့ အဆက်အသွယ်မရှိလို့ ။

ကမ္ဘာပေါ်မှာလူတွေ အများကြီး သေသလိုဘဲ ။ ကိုယ့်မသိတဲ့သူ သေတာကျတော့ ကိုယ်နဲ့  အဆက်အသွယ် မရှိတော့ ကိုယ်ကဘာမှ မခံစား၇သလိုဘဲ ။ ကိုယ့်ဆွေမျိုးသေတယ် ဆိုရင်တော့ ကိုယ်နဲ့  အဆက်အသွယ် ရှိတော့ ကိုယ်မှာခံစား၇သလိုဘဲ ။ လူလူချင်းဘဲ အဆက်သွယ်ရှိတာနဲ့ မရှိတာကွာပြီး ကိုယ့်မှာ ခံစားချက် ဖြစ် တယ် ၊ မဖြစ်ဘူးဆိုတာ ကွာခြားပါတယ် ။ အဲ့ လိုဘဲ ကိုယ့်ရဲ့ စိတ်စေတသိတ် ၊ ရုပ် ၊ ခန္ဓာငါးပါးစလုံးကို သူ့ ဟာနဲ့ သူရှိပါစေ ။ မဆက်သွယ်ရဘူး ။ အဆက်အသွယ်ဖြတ်ရမယ် ။ ခန္ဓာငါးပါးကို မငြိတွယ်တဲ့  ခန္ဓာငါးပါး ဖြစ်အောင် ကြိုးစား၇မယ် ။ ခန္ဓာငါးပါးက ဘာနဲ့ မှ မဆက်သွယ်တဲ့ ခန္ဓာငါးပါးဖြစ်၇မယ် ။ သွားနှုတ်တဲ့ အခါ ထုံဆေးထိုးသလိုပေါ့… အနားမှာရှိတဲ့  အကြောတွေကို ယါယီဖြတ်တောက်ထားတဲ့  အခါကျတေါ့ သွားနှုတ်တဲ့  အခါမှာ နာကျင်နေပေမဲ့ စိတ်က မသိတော့ဘူး ။ ဘာလို့ လဲဆိုတော့ အဆက်အသွယ် ဖြတ်တောက် ထားတဲ့  အခါကျတော့ စိတ်ကမသိတော့ နာမှန်းမသိတော့ဘူးပေါ့ ။ အဲ့လိုဘဲ ကိုယ်က အဆက်အသွယ် ဖြတ်နေရမယ် ။ အဆင်းကို မဖျက်စီးဘူး ။ အသံတွေကို ရပ်တန့်  ပစ်ဖို့  မကြိုးစားဘူး ။ ကိုယ့်ရဲ့  အသံတွေကို ငြိတွယ်နေတဲ့  သံယောဇဉ်ကိုသာ ဖြတ်ပါတယ် ။ ငါဖြတ်တာမဟုတ်ဘဲနဲ့  ခန္ဓာငါးပါးက ဖြတ်၇ပါမယ် ။ ဖြတ်ရုံလေး ဖြတ်ရပါ မယ် ။ စွန့် လွှတ်ရုံလေး စွန့် လွှတ်ရပါမယ် ။ စွန့် လွှတ်တဲ့  ခန္ဓာငါးပါးကိုသာ လက်ခံရပါမယ် ။


စိတ်ကို ရှိတယ်လို့ တော့ လက်ခံ၇ပါမယ် ။ အဲ့ ဒီစိတ်ကို ငါလုပ်နေတာက ကိုယ်လို သူလိုစိတ်ဘဲ ။ အဲ့ ဒီစိတ်ကို မငြိတွယ်တဲ့ စိတ်ပေါ်ပေါက်လာဖို့ ကြိုးစား၇မယ် ။ လူတော့ လူဘဲ … ဘုန်းကြီး ၊ သီလရှင်တွေလိုပေါ့ ..လူနဲ့  မပေါင်းဘဲ လူမဟုတ်တဲ့  ဘုန်းကြီး ၊ သီလရှင်တွေနဲ့  အချင်းချင်းပေါင်းသလိုပေါ့ ။ အခုကိုယ့်ရဲ့ စိတ်ကလည်း စိတ်..စိတ်ချင်းပေါင်းနေတာ ။ ပစ္စုပ္ပန်စိတ်ကတော့ ပစ္စုပ္ပန်ခန္ဓာငါးပါးကတော့ခန္ဓာငါးပါးချင်းပေါင်းနေတာ ။ ခန္ဓာငါးပါးနဲ့ ပတ်သက်တာ တွေကိုဘဲ…အဆင်းဆိုတာ ရုပ် ၊ ရုပ်ဆိုတော့လဲ ခန္ဓာငါးပါးနဲ့  ဆွေမျိုးပါဘဲ ။ ခံစား တဲ့ ၊ မှတ်သားတဲ့ ၊ ပြုပြင်တဲ့  ၊ စေ့စော်တဲ့  သင်္ခါ၇က်ခန္ဓာဆိုတဲ့  စေတသိတ်တွေ ။ ဒါတွေကို လက်ခံနေ တာ ဟာ ဒါတွေနဲ့  အဆက်အသွယ်လုပ်ထားတာ ။ အဲ့ဒီအဆက်အသွယ်တွေကို ဖြတ်တောက်ပစ်၇မယ် ။ သူ့ ဟာနဲ့သူရှိပလေ့စေ ။

ဝေဒနာတွေက သူ့ဟာနဲ့  သူရှိပလေ့စေ ။ ပြုလုပ်မှုတွေက သူ့ ဟာနဲ့သူရှိပလေ့စေ ။ မှတ်ဥာဏ်ကလည်း သူ့ ဟာနဲ့  သူမှတ်နေတာ ကိစ္စမရှိဘူး ။ ဒါပေမဲ့  ကိုယ်ကတော့ မသိရဘူး ။ ကိုယ်က ပူတယ် ၊ နာတယ် ၊ ကျင်တယ် ၊ ဒီလို သိနေ၇င် ကြံ၇ာပါ ဖြစ်နေဘီ ။ ခန္ဓာငါးပါးချင်း အဆက်အသွယ် လုပ်နေဘီ ။ ခန္ဓာငါးပါးက ခန္ဓာငါးပါးကို သံယောဇဉ်တွယ်နေဘီ ။ လူ.. လူချင်း ၊ လူနဲ့  တိ၇ိစ္ဆာန်နဲ့ သံယောဇဉ် တွယ်သလိုတွယ်နေဘီ ။ ဖြစ်တာလဲ ခန္ဓာငါးပါး ၊ သိတာလဲခန္ဓာငါးပါး ၊ သိတာလဲ ခန္ဓာငါးပါး ၊ အဲ့ ဒီ ခန္ဓာငါးပါးတွေကို ခန္ဓာငါးပါး အချင်းချင်း သံယော ဇဉ်ငြိတွယ်နေတာကို စွန့် လွှတ်ရမယ် ။ သံယောဇဉ်ကို ဖြတ်၇မယ် ။ ကိုယ့်သားသမီး သဘောမတူသူနဲ့ အိမ် ထောင်ပြုလို့  မိဘက မရမက လိုက်ခွဲသလိုမျိုး .. လူချင်းခွဲတာ မဟုတ်ဘူး ။ လူနှစ်ယောက်ကို ဆက်သွယ် ထားတဲ့  သံယောဇဉ်ကို ဖြတ်တောက် သလိုမျိုး ။ အခုဟာကလည်း ဖြစ်တာတွေကိုလည်း မဖျက်စီးဘူး ။ သိတဲ့  စိတ်ကိုလည်း မဖျက်စီးဘူး ။ ဒီနှစ်ခုကြားထဲက သံယောဇဉ်ကို ဖြတ်ပါတယ် ။ သံယောဇဉ်ကဘာလဲ ဆိုတော့ လိုက်သိနေတာဟာ သံယောဇဉ်ကြောင့် ။ ဘယ်သူဘယ်ရောက်နေတယ်…ဘယ်သူ ဘာအလုပ် လုပ်တယ် ဆိုတာက သံယောဇဉ်ရှိနေလို့  ကိုယ်သံယောဇဉ်မရှိတဲ့ သူကို ကိုယ်မသိတဲ့ သူကို ဘယ်ရောက်နေတယ် ၊ ဘာဖြစ်နေတယ် ၊ ဘယ်လို လုပ်သိပါ့မလဲ ။ ကိုယ်သိနေတာ တွေကကိုယ် သံယောဇဉ် ရှိနေတာတွေ ။ အဲ့ဒီမမြင်ရတဲ့  သံယောဇဉ်နှောင်ကြိုးကို ဖြတ်ပါတယ် ။ ဘယ်လို ဖြတ်ရမလဲ ဆိုတော့ ဘာမှမဟုတ်ဘူးသာ ရွတ်နေလိုက် ။


ဘာမှမဟုတ်တာကို သိတာ ။ ဘာဘဲညာဘဲ သိနေရင် ဒါဟာ တဏှာ အသိဖြစ်နေပြီ ။ ဘာဘဲ ညာဘဲ ဆိုတဲ့  အသိတွေကို ဆန့်  ကျင်နေရင် ၊ လက်မခံရင် သံယောဇဉ်ကို ဖြတ်တာဘဲ ။ ဖြတ်ပါများရင် ပြတ်ရော မဖြတ်လို့ မပြတ်တာ ။ ဖြတ်ရင် မပြတ်စရာ မရှိဘူး ။ အခုဦးဇင်းတိုစိတ်အကြောင်းပြောနေတာ မဟုတ်ဘူး ။ စိတ်ကိုစိတ်မ၀င်စားလို့  စေတသိတ်အကြောင်း ပြောနေတာမဟုတ်ဘူး ။ ရုပ်အကြောင်းလဲ ရုပ်ကဘယ်နှစ်ပါးရှိတယ်ဆိုတာ ပြောနေတာမဟုတ်ဘူး ။ အဲ့ ဒါတွေကို စိတ်မ၀င်စားဘူး ။ စိတ်ဝင်စားလို့သံယောဇဉ်ဖြစ်နေရင်လည်း (လူ့ လောကကြီး သံယောဇဉ်ဖြစ်နေရင်လည်း ဘယ်သူကတော့ ဘယ်လို လုပ်ပြီးတော့မှ ဘယ်လိုဖြစ်သွားတယ်) ပုံပြင်တွေ စိတ်ဝင်စားရင် ဟိုးရှေးရှေးတုန်းက ဘယ်သူဘယ်ဝါဆိုတာ လာမှာဘဲ … အဲ့ ဒါတွေကို ငြိတွယ်နေလို့ အဲ့ ဒီငြိတွယ်မှု သံယောဇဉ်ကို ဖြတ်ရမယ် ။ သိနေရင် ဒါဟာ သံယောဇဉ် အသိဘဲ ။ နာလိုက်တာ ဆိုတာဟာ နာတာကြီးကို သံယောဇဉ်မပြတ်တာ ။ ကြောက်လိုက်တာ ဆိုတာဟာ ကြောက်တာကြီးကို သံယောဇဉ် မပြတ်တာ ။ ကြောက်စရာအာရုံကြီးကို သံယောဇဉ်မပြတ်တာ ။ ကြောက်တဲ့ စိတ်ကို သံယောဇဉ်မပြတ်တာ ။ လက်မခံနဲ့ … ဘာမှမဟုတ်ဘူး သာ ရွတ်နေလိုက်.. ဒါအလွယ်ဆုံးပြောလိုက်ရင်တော့ ဘုရားပေါင်းစေချင်တာနဲ့ ပေါင်းလိုက်တာမိဘရဲ့  အလိုဆန္ဒကို လိုက်နာတဲ့ အနေနဲ့  မိဘပေးစားတာနဲ့ယူသလို ၊ ကိုယ်ကြိုက်တာ ကိုယ် မယူဘဲ ၊ ခုဟာလဲ ကိုယ်ပေါင်းချင်တဲ့ ဘာဘဲ ညာဘဲဆိုတဲ့အသိတွေနဲ့  မပေါင်းဘဲ ဘုရားပေးစားတာနဲ (ဘုရားက ဘာနဲ့ မှမပေါင်းစေချင်ဘူး ၊ အဲ့ တော့ဘာနဲ့ မှ မပေါင်းနဲ့ တော့ ။ နဂိုပေါင်းနေကျအာရုံတွေကိုရော… ကိုယ့်ရဲ့ စိတ်ကိုရော ဘာမှမဟုတ်ဘူး သာသဘောထားလိုက် ။ ဒါဘုရားပေါင်းစေချင်တာနဲ့ ပေါင်းပါဘီ ။ ကိုယ်ပေါင်းချင်နေတာကို စွန့်ပါဘီ ။

ဘာမှမဟုတ်ဘူးလို့ သာမပြတ်တရစပ် ရွတ်နေခြင်းအားဖြင့် ဘုရားအလိုကို လိုက်နေလိုက် ။ ဒါသင်္ခါရ တရားမှန် သမျှ ဘုရားက အနိစ္စ ၊ ဒုက္ခ ၊ အနတ္တလို့ပြောတာဘဲ အနိစ္စ ၊ ဒုက္ခ ၊ အနတ္တဆိုတာက ဘာတွေညာ တွေ မ ဟုတ်တာကိုအနိစ္စ ၊ ဒုက္ခ ၊ အနတ္တလို့  ပြောတာဘဲ ။ ဘာမှမဟုတ်တာကို အနိစ္စ ၊ ဒုက္ခ ၊ အနတ္တလို့ပြောတာဘဲ ။ ဘာမှမဟုတ်တာ မရှိတာက နိဗ္ဗာန် ။ တကယ်ရှိတာက နိဗ္ဗာန် ။ စိတ် ၊ စေတသိတ် ၊ ရုပ်က သင်္ခါရတရား ၊ အဖြစ်တရား ။ အရှိတရား မဟုတ်ဘူး ။ ဘာမှ ဖြစ်နေတဲ့တရားမဟုတ်ဘူး ။ ဖြစ်ရုံသက်သက်လေး ဖြစ်နေတဲ့ တရား ။ အဖြစ်တရား ။ အဲ့တော့ အဖြစ်တရားကို အရှိတရား မလုပ်နဲ့ ။ နာလိုက်တာ.. ကျင်လိုက်တာဆိုရင် သင်္ခါ၇တရားကို အရှိတရားလုပ်ပြီ ။ ဘုရားဟောကို ပယ်ပြီ ။ အနိစ္စ ၊ ဒုက္ခ ၊ အနတ္တကို နိစ္စ ၊ သုခ ၊ အတ္တလုပ်ပြီ ။ အဲ့တော့ ဘုရားစကားနားထောင်ပါ။ ဖြစ်၊ ပျက်ရှုဆို၇င် မိုးကုတ်ဆရာတော် ဘုရားကြီးစကားကို နားထောင်ပြီ။ ဖြစ်ပျက်လို့သဘောထားတာက မိုးကုတ်ဆရာတော် ဘုရားကြီးထားစေချင်တဲ့ သဘောထား ။ အခုဟာက ဘယ်လိုမှ သဘောမထားနဲ့ ။ ဖြစ်ပျက် ဆိုရင် ဖြစ်ပြီး ပျက်နေ၇တာကိုငြိတွယ်နေပြီ ။


လူ့ဘ၀ကြီး မွေးလိုက် သေလိုက်ဘဲ ။ မွေးနေ ၊ သေနေရတာကို သဘောကျနေတာပေါ့ ။ အဲ့ ဒါကြောင့် မွေးနေ့ တွေကျင်းပနေတာပေါ့ ။ မွေးနေရတာကိုသဘောကျနေတာပေါ့ ။ မွေး ၊ သေရှိရင် မွေးတာကို သဘောကျမယ် ။ သေတော့လဲကိုယ့်မိသားစုက လွဲရင် ကျန်တာတွေက (ဘုန်းကြီးပြန်တောင်မှ ပျော်ပွဲ ၊ ရွှင်ပွဲတွေ ကျင်းပလို့ ရ သလိုသေတာကို သဘောကျနေပြီ ။ ဘာလို့ လဲဆိုတော့ ကိုယ့်အတွက်တော့ ပျော်စရာဖြစ်တာကိုး..)သူများ သေသွားတော့ ကိုယ်ဖဲရိုက်လို့ရတယ်ဆိုတာက ဖဲသမားတွေအတွက်ကတော့ သေတာကို ပျော်စရာဖြစ်တာကိုး ။ မွေးနေ့ဆို၇င်မွေးနေ့ ၊ သေနေရတာကို သဘောကျနေလို့  သေတယ်ဆိုတာကလည်း သေတာကိုသဘောကျ နေပြန်ရောဒါကြောင့် ဦးဇင်းက ဘာပညတ်မှ မတပ်ရဲတော့ဘူး ။ တပ်လိုက်ရင် အဲ့ ဒါတွေကို သွားငြိမှာစိုးလို့ ။ ဘာပညတ်မှ မတပ်တာကိုဘဲ ဘာမှမဟုတ်ဘူးလို့ ပြောပါတယ် ။ လူ့  လောကကြီးမှာနာ၇ီ ၊ မိနစ် ၊ စက္ကန့် ၊ နေ့ ၊ ရက် ၊ လ ၊ နှစ်တွေ အမျိုးမျိုးဖြစ်ပြီး အမျိုးမျိုးပျက်နေတာ အဲ့ဒါတွေကို သိနေတော့ ဖြစ်ပျက်ကို သိနေတာ ။ေ၇ာဂါတွေ အမျိုးမျိုးဖြစ်နေတာ ။ နံမည်ကြီး ဇာတ်ကောင်တွေ အမျိုးမျိုးပေါ်ပေါက်လာတာတွေ ။ ပြီးတော့ အကုန် ပျောက်ကုန်တာဘဲ ။ အဲ့ ဒါဖြစ်ပျက်ဘဲ ။ အဲ့ လိုသိနေ၇င် အဲ့ ဒါကိုငြိနေတာ ။ ဦးဇင်းတို့ လဲ ငြိခဲ့ တယ် ။ သေရ တာချင်းအတူတူ ဗိုလ်ချုပ်အောင်ဆန်းလို နံမည်တစ်လုံးနဲ့ သေရတာဟာ အသက်ရှင်ရတာထက် မြတ်သေး တယ်. ဒါဟာ ဖြစ်ပျက်ကို သဘောကျတာပါဘဲ ။ ဒီလို သေချင်ရင် ဒီလိုသေအုံးမှာဘဲ ။ ဖြစ်ပျက်ဆို၇င်တော့ ငြိအုံးမှာဘဲ ။ အဲ့ တော့ဘာမှမဟုတ်ဘူး.. ဘာတွေ ၊ ညာတွေ မဟုတ်ဘူး ။ ဘာမှမဟုတ်တော့ တဏှာက ဘယ် ချောင်မှ ကပ်စရာမရှိဘူး ။ တဏှာဆိုတာ ရောဂါလိုဘဲ ။ သွေးရှိတော့ သွေးကင်ဆာ ၊ နှလုံးရှိတော့ နှလုံးရောဂါ ၊ computer ရှိတော့ virus ဆိုတာပေါ်လာတာပါဘဲ ။ တဏှာကတော့ ရှိရင် လိုက်ပြီးတော့မှ တွယ်ကပ်နေ မှာဘဲ ။ ခွေးရှိတော့ ခွေးသန်း ၊ ခွေးရူးေ၇ာဂါတွေ ၊ အိမ်ရှိတော့ အိမ်မြှောင် ။ ၇ိပ်သာရှိတော့ ယောဂီရှိသလို ။ ယောင်္ကျားရှိတော့ မိန်းမရှိသလို . ရှိတာကို လိုက်ပြီးတော့မှ ငြိတွယ်မှာဘဲ… ဘာမှမရှိမှ တဏှာ အန္တ၇ာယ်က ကင်းမယ် ။ ဒါကြောင့်ဘာမှမဟုတ်ဘူး ။ ဘာကိုမှ လက်မခံခိုင်းဘူး ။ ဘာတွေညာတွေ လက်ခံ၇င် ဘာတဏှာ ညာတဏှာတွေ ဖြစ်နေပြီ ။ စကားလုံးတောင် တဏှာဖြစ်ပါတယ်ဆို… စကားလုံးဆိုတာ တကယ်ရှိတာ မဟုတ် ဘူး ။ ဖြစ်ပျက်ဆိုတဲ့ စကားလုံး ကြားပါများတော့ ဖြစ်ပျက်မှ တရားဖြစ်ရော ဖြစ်ပျက်မဟုတ်ရင် တရားမဟုတ် တော့ဘူးဖြစ်ရော ဒါဟာစကားလုံးကို တဏှာဖြစ်တာပေါ့ ။ ပရမတ်တော့မပြောနဲ့  ။ ထာဝရဘုရားဆို စကား လုံးဘဲ ရှိတာဘဲ အဲ့ဒီ စကားလုံးကိုဘဲ တဏှာဖြစ်နေပြီ ။ အရူးအမူးစွဲလမ်းနေပြီ ။ တဏှာက သိပ်ကြောက် စရာကောင်းတယ် ။ ဘာမှမရှိရင် စကားလုံးဘဲ ရှိရင် စကားလုံးစွဲပြီ ။ အမှန်တရားဆိုတဲ့ စကားလုံးရှိတော့ အမှန်တရားဆိုတဲ့ စကားလုံးကြီးစွဲပြီး အမှန်တရားကို လိုက်ရှာတယ် ။


အချစ်စစ်ဆိုတဲ့ စကားလုံးကြီးစွဲပြီး အချစ်စစ်ကို လိုက်ရှာတယ် ။ ဘယ်တော့မှ မတွေ့ ဘူး ။ ချစ်ချင်နေရင် ဒီ အချစ်က မစစ်ဘူး ။ လုပ်ယူတဲ့ အချစ်က မစစ်ဘူး ။ စွန့် ယူတဲ့ မေတ္တာကမှ စစ်ပါတယ် ။ စစ်တယ် ဆိုတာ ဘယ်တော့မှ ပြောင်းစရာမရှိဘူး ။ အကောင်းစစ်ဆို၇င် ဆိုးစရာမရှိဘူး ။ အချစ်စစ်ဆို၇င် မုန်းစရာမရှိဘူး ။ ချမ်းသာစစ်ဆို၇င် ဆင်းရဲသွားစရာမရှိဘူး ။ အမှန်တရားဆိုရင် လူတွေကဘာမှန်း မသိဘူး ။ အမှန်တရား ရှာနေတာဘဲ ။ တွေ့ လဲ မတွေ့ဘူး ။ ရှာနေရင် ဘယ်တော့မှ မတွေ့ ဘူး ။ တဏှာက အဲ့ ဒီလိုဘဲ ၊ အရိုးရှိရင် အရိုးကိုက်မှာဘဲ ။ စကားလေးကြားနေရရင် ဒီစကားလေးကို ကျေနပ်နေမှာဘဲ ။ မျှော်လင့်နေရ၇င် မျှော်လင့် ရတာကို ငြိနေမှာဘဲ ။ ဘာမှမရှိတော့မှ တဏှာကလဲ သူ့ ဟာနဲ့ သူ ရပ်တည်နိုင်တဲ့ စွမ်းရည်မရှိဘူး ။ ရောဂါ ချည်းဘဲ သက်သက်ရပ်တည်လို့ မရဘူး ။ တခုခုကိုမှီပြီးတော့မှ ရောဂါဖြစ်၇သလို အသဲကို မှီပြီးတော့မှ အသဲ ရောဂါဖြစ်၇သလို ။ နွားကို မှီပြီးတော့မှ နွားရူးရောဂါဖြစ်၇သလို ။ မှီပြီးတော့မှ ဖြစ်ရတာ ။ ကိုယ်ပိုင် စွမ်းရည် သတ္တိမရှိဘူး ။ အဲ့ဒါကြောင့် မှီစရာ မရှိရင် တဏှာသေတာဘဲ ။ အဲ့ဒါကြောင့် ဘာမှမဟုတ်ဘူးဆို ပြီးတော့မှ တဏှာကို သတ်တာဘဲ ။ စိတ်ကဘာဘဲ ညာဘဲသိနေရင် တဏှာကို အလိုလိုက်နေတာဘဲ ။
အလွန်ကောင်းလို. မြန်မာထေရဝါဒ ဆိုက်လေးမှ ...ဝေ..ရဲ.ပိုစ်လေးကို ကူးယူဒါနပြုပါတယ်ခင်ဗျာ...

No comments:

Post a Comment