RSS
1.
Showing posts with label ဝိညဉ် တစ်ခုရဲ. ဆန္ဒ. Show all posts
Showing posts with label ဝိညဉ် တစ်ခုရဲ. ဆန္ဒ. Show all posts

Friday, May 28, 2010

အစွဲ.....

လွန်ခဲ့တဲ့ (၁၅)နှစ်လောက်က အရှေ့တောင်အာရှရဲ့ အတိုးတက်ဆုံးနိုင်ငံတစ်ခု၏ မြို့တော်ကြီးအစွန်းအဖျားက တရုတ်သင်္ချိုင်းကုန်းမှာတရားမ၀င် နေထိုင်ပြီး အလုပ်လုပ်ကြတဲ့ မြန်မာနိုင်ငံမှ တိုင်းရင်းသားအလုပ်သမားအုပ်စု တစ်အုပ်စု ရှိခဲ့ဖူးပါတယ်။ သူတို့က တရုတ်သင်္ချိုင်းရှိအုတ်ဂူတွေ ဆေးသုတ်တာတို့၊ မြက်ခင်းတွေ ပြုပြင်တာတို့၊ ပန်းပင်တွေအလှအပ မွမ်းမံတာတို့ လုပ်ရပါတယ်။

တနေ့ကျတော့ အလုပ်သမားတစ်ယောက်က တရုတ်သင်္ချိုင်းရှိ အုတ်ဂူတစ်ခုရဲ့ အပေါ်မှာ ကလေး ကစားစရာပစ္စည်း ခပ်ကြီးကြီးတစ်ခုကိုတွေ့ရလို့ အခန်းကို သယ်သွားပါတယ်။ နောက် သုံး … လေးရက် ကြာတော့ အုတ်ဂူနဲ့ ပက်သက်တဲ့ ကျန်ရစ်သူ တရုတ်မိသားစု ရောက်လာပြီးကွယ်လွန်သွားတဲ့ သူတို့သားလေး အုတ်ဂူပေါ်မှာ အမှတ်တရ