RSS
1.
Showing posts with label ဟာသ.......... Show all posts
Showing posts with label ဟာသ.......... Show all posts

Saturday, September 4, 2010

ထူးခြားသော ဗေဒင် ဘလော.ဂါ ကိုကိုမမ များ ဖတ်ပြီးရင် သွေးထွက်အောင်မှန်တယ်လို.ထင်ပါလိမ်.မယ် .....

တနင်္ဂနွေ(အ၊ဥ၊သြ)
အားအားယားယား ဖြစ်နေတတ်သည်။ အူကြောင်ကြား ဖြစ်နေသောသူတစ် ယောက်နှင့်
မိတ်ဆွေဖြစ်ကိန်းရှိသည်။ အူတူတူ အတတ ကောင်မလေးတစ်ယောက်နှင့် ဥတုတု ညုတုတု
ဖြစ်ကိန်းရှိသည်။ အီရတ် နိုင်ငံသို့ နွေရာသီ အပန်းဖြေခရီး
ထွက်ရကိန်းရှိသည်။ ဥ နှင့်ပတ်သက်၍ ကျန်းမာရေး အညံ့ရှိသည်။ အိမ်သာတက်ရင်း
အူကျရောဂါ အပြင်းအထန်း ခံစားရတတ်သည်။ အနာကြီးရောဂါ ဖြစ်နေသော
သူတစ်ယောက်နှင့် မတော်တဆ အိမ်ထောင်ကျကိန်း ရှိသည်။

ယတြာ။ ။အင်္ဂါနေ့တွင် ဥဥနေသော ကြက်မဖင်ကို အံ့သြစွာကြည့်၍ “အောင်ပြီ၊
အောင်ပြီ” ဟု သုံးကြိမ်တိုင်တိုင် အော်ပါ။



တနလာၤ(က၊ခ၊ဂ၊ဃ၊င)
ကုန်းကုန်း ခွခွ အလုပ်များနေတတ်သည်။ တနင်္လာနံဖြစ်ပစ္စည်းများ ဖြစ်သော
ကုန်တင်ကား၊ဘစ်(စ်)ကားများ မမျှော်လင့်ပဲ အစုံလိုက်အပြုံလိုက်
ဝင်လာတတ်သည်။ ရုတ်တရက် ၀င်လာတတ်သဖြင့် သတိကြီးစွာထားရန် လိုအပ်သည်။
ဂေါက်ကြောင် ကြောင်ဖြစ်နေသော ကုလားမတစ်ယောက်နှင့်
ချစ်ကြိုက်ရကိန်းရှိသည်။ ကျပ်မပြည့်သော လူတစ်ယောက်၏ ကြောင်တောင်တောင်
လုပ်ခြင်းခံရတတ်သည်။ လကုန်ရက် ဖြစ်ပါက ငွေဝင်ကိန်းရှိသည်။
ခွေးရူးပြန်ရောဂါ ရှိသူများ ချွတ်ခြုံကျနေသော သူများ၏
မရမကချစ်ကြိုက်ခြင်းကို ခံရတတ်သည်။ ဂတ်ထဲတွင် အိပ်စက်ရကိန်းရှိသည်။
ကြောက်ခမန်းလိလိ ခွေးကိုက်ခြင်း၊ ဂနိုကျခြင်းများ ဖြစ်တတ်သည်။

ယတြာ။ ။ကြာသပတေးနေ့တွင် ဂတုံးပြောင်အောင် တုံးပြီး ကင်းမြီးကောက်ထောင်ကာ
ကြောင်တစ်ကောင်လို အော်ဟစ်၍ ယတြာချေပါ။


အဂၤါ(စ၊ဆ၊ဇ၊စ်၊ည)

စာမလုပ်သူများ အထူးသတိထားပါ စေ့စပ်သေချာ၍ စေ့စေ့စပ်စပ်လုပ်တတ် သော ဆရာ၏
စာမေးပွဲနှင့် စိတ်ညစ်စွာ ကြုံရတတ်သည်။ အပြင်းအထန် ဇစ်ညှပ်ခြင်း
ခံစားရတတ်သည်။ ဆိုက်ကားနင်းစားခြင်း ၊စာခိုးချခြင်း၊ ဈေးရောင်းခြင်း၊
ညစောင့်ခြင်း စသည့် ပညာရပ်များကို ဇင်ဘာဘွေ နိုင်ငံတွင် သွားရောက်
သင်ယူရကိန်းရှိသည်။ စိတ်ရောဂါရှိသူများ အဆဲသန်သူများ ဆစ်ဖလစ်ရောဂါ
ရှိသူများနှင့် စီးပွါးရေးစပ်တူ လုပ်ပါက အထူးအောင်မြင်ကိန်းရှိသည်။ ညှင်း
ဝဲ စွဲကပ်နေသော သူများနှင့် အိမ်ထောင်ကျကိန်းရှိသည်။

ယတြာ။ ။စနေနေ့ ညဘက် ၁၂ နာရီတွင် စိုင်းစိုင်းခမ်းလှိုင်၏
သီချင်းတစ်ပုဒ်ကို ဈေးထဲ၌ အဆဲသန်သော ဈေးသည်တစ်ယောက်ရှေ့တွင်
စွဲစွဲမြဲမြဲ ဆယ်ရက် ဆက်ဆိုပါ။



ဗုဒ္ဓဟူး(ယ၊ရ၊လ၊၀)

ဝဲ၊ယားနားအကြီးအကျယ် ပေါက်တတ်သည်။ လမ်းလျှောက်ရင်း လေလည်တတ် သောသူများ၏
နောက်မှမလိုက်ပါနှင့်၊ လုံးပါးပါးနိုင်သည်(နှာခေါင်း)။
ရူှးနှမ်းနှမ်းဖြစ်နေ သူတစ်ယောက်၏ ရင်ဖွင့်စကားကို နားထောင်ပေးရတတ်သည်။
ဝက်ရူးပြန်ရောဂါရှိ သူများ၊ ယဉ်ယဉ်လေး ရူးနေသော သူများ ၊လေကျယ်တတ်သူများ၊
ဝိတ်ပေါပေါနေသူ များနဲ့ စပ်တူစီးပွါးရေးလုပ်ပါက အကြီးအကျယ်
အောင်မြင်ကိန်းရှိသည်။ ၀က်မတစ်ကောင် ကဲ့သို့ ၀အစ်နေသော
မိန်းကလေးတစ်ယောက်၏ ရေလာမြောင်းပေးခြင်း နှင့် ချစ်ခင်နှစ်သက်ခြင်းကို
မထင်မှတ်ပဲ လက်ခံရတတ်သည်။ ယာဉ်၊ ရထားတို့ ပေါ်၌ ယားနာဆေး၊
လိပ်ခေါင်းပျောက်ဆေး ရောင်းခြင်းမှ ထူးခြားစွာအမြတ်ရကိန်းရှိသည်။

ယတြာ။ ။လင်ရှိမယား တစ်ယောက်၏ အိမ်ရှေ့တွင်
“၀င်သက်ထွက်သက်(နွဲ့ယဉ်ဝင်း)”သီ
ချင်းကို လေးဖက်ကုန်း၍ လဒမှိုင်မှိုင်ကာ
လက်ယာရစ်ပတ်ကာ လေးကြိမ်တိုင်တိုင် ဟစ်ကြွေးပါ။



ကြာသပတေး(ပ၊ဖ၊ဗ၊ဘ၊မ)

ဘိုင်ကျပြီး မွဲတေနေတတ်သည်။ မျက်နှာတွင် ပိုးစိုးပက်စက် မီးလောင်တတ်သည်
ဗိုက်ကြီးသည် တစ်ယောက်နှင့် အိမ်ထောင်ကျကိန်းရှိသည်။ ပုတက်မွေးခြင်း
၊ဖွတ် မွေးခြင်း၊ ပုရစ်မွေးခြင်း၊ ဘယာကြော် ကြော်ရောင်းခြင်းစသည့်
အလုပ်များဖြင့် ပိုးစိုး ပက်စက် မြိုးမြိုးမြက်မြက်
စီးပွါးတက်ကိန်းရှိသည်။ ဖိနပ်ချုပ်ခြင်း၊ မီးသွေး ရောင်းဝယ်ခြင်း
၊ပြောင်းဖူးဖုတ်ခြင်း ပညာများရပ်များကို မွန်ဂို***ယား၊ ဖင်လန်၊
ဘော့ဇနီးယား၊ မြန်မာ စသည့်နိုင်ငံများတွင် ပညာတော်သင် သွားရကိန်းရှိသည်။
ဘာဘူကုလားမကြီး၏ ဖောဖောသီသီ မျက်နှာပေးခြင်း၊ ပုဆိုးကြားတွင် ပိပိရိရိ
မေတ္တာစာ ခိုးထည့်ခံရခြင်းများ ကြုံရတတ်သည်။

ယတြာ။ ။ဘောင်းဘီတိုဝတ်၍ ဗိုက်ကြီးသည် တစ်ယောက်နှင့်အတူ ဘောလုံးကွင်းတွင်
ဘရိတ်ဒန့် အတူတွဲက၍ ယတြာချေပါ။ လိုအပ်ဆန္ဒပြည့်ဝ လာလိမ့်မည်။



သောကြာ(သ၊ဟ)

ဟိုယောင်ယောင် ဒီယောင်ယောင်နှင့် သတိလက်လွတ် ဖြစ်နေတတ်သည်။
သောက်ရှက်ဟက်တက်ကွဲ၍ သူတစ်ပါး၏ သေချင်စော်နံလောက်အောင် သောက်မြင်
ကပ်ခြင်းကို ပိုးစိုးပက်စက် အကြီးအကျယ် ကြုံရတတ်သည်။ သရဲမတစ်ယောက်နှင့်
ဟိုကိစ္စ ဖြစ်ကိန်းရှိသည်။ သင်္ချိုင်းကုန်း၊သုဿာန် စောင့်ခြင်း
၊သန်ကောင်မွေးခြင်း ဟောင်းနွမ်းပစ္စည်းရောင်းဝယ်ခြင်းတို့မှ ဟိုးလေးတကျော်
အကျိုးအမြတ်ရကိန်း ရှိသည်။ ဟိုင်းနေသော သူတစ်ယောက်နှင့်
သိုးသိုးသန့်သန့် သတင်းထွက်ကိန်းရှိ သည်။ သတိကြီးကြီး ထားပါ တော်ကာကျမည်။
သပ်သပ်ရပ်ဝတ်ပြီး ဟိုင်းလတ်ကားတိုက်ကာ ဟပ်ထိုးလဲပြီး ဟောဟဲဟောဟဲ
ဖြစ်နေတတ်သည်။

ယကြာ။ ။သောကြာနေ့တွင် သုဿာန်၌ သေသွားသူ၏ မိသားစုရှေ့တွင် ဟာသလုပ်၍
ဟဲလေးသီချင်းဖြင့် သုံးကြိမ်တိုင်တိုင် ဟစ်ကြွေးပါ။အညံ့များ
ပျောက်သွားလိမ့်မည်။



စနေ(တ၊ထ၊ဒ၊ဓ၊န)

တင်ပါးတွင် ဒက်ပေါက်၍ ဒန့်တန့်တန့်ထုံပေထုံပေ ဖြစ်နေတတ်သည်။
နူနာရောဂါရှိသူ တစ်ယောက်၏ တီတီတာတာ ထူးထူးခြားခြား
ချစ်ကြိုးသွယ်ကိန်းရှိသည်။ တင်တု လုပ်ခြင်း ထီးပြင်ခြင်း ဓါးသွေးခြင်း
ဒန်အိုးဖာထေးခြင်း စသော လုပ်ငန်းများ နှင့် သက်ဆိုင်သော ပညာရပ်များကို
တူနီးရှား ထိုင်း နယူးယောက် စသောနေရာများသို့ သွားရောက်သင်ရကိန်းရှိသည်။
နတ်ကတော်များနှင့် တွဲဖက်လုပ်ငန်းစပ်တူ လုပ်ပါက ထူးထူးခြားခြား
အောင်မြင်ကိန်းရှိသည်။ထီးနှင့် အသံနီးစပ် သောပစ္စည်းများ အပြွတ်လိုက်
ဝင်ကိန်းရှိသည်။ ဓါတ်ရိုက် ဓါတ်ဆင်လုပ်ခြင်း ဓါတ်ရုင်ရိုက် ခြင်း
ဓါတ်သွားခြင်းကိုပိတ်ဆို့ ဆေးရောင်းခြင်း စသောလုပ်ငန်းများမှ
အကျိုးအမြတ်ရရှိမည်။

ယတြာ။ ။တနလာင်္နေ့ တွင် တင်ပါးပေါ်ဝတ်ပြီး နတ်သီချင်းဖွင့်ကာ နံနက်အချိန်၌
နိုင်းနိုင်းကဲ့သို့ ထိထိမိမိ ကပါ။                      ကျွန်တော်၏ မိတ်ဆွေ တယောက်ပေးပို.သော ပို.စ်လေးပါ ပျော်ရွင်ပါစေ..

Wednesday, August 11, 2010

ဘယ်ရမလဲ

ဘယ်ရမလဲ

ဂျွန်နီကလေး ယနေ့ကျောင်းစတက်ရသည်။ အဖေဖြစ်သူက ဆရာမအား ``ကျွန်တော့်သားက အလောင်းအစားလုပ်တာ အရမ်းဝါသနာပါတယ်။ သူ့ကို သတိထားပါ`` ဟုပြောရာ ဆရာမက
``စိတ်မပူပါနဲ့၊ ကျွန်မငယ်ငယ်က သူ့ထက်တောင်ဆိုးသေးတယ်။ ကျွန်မ သူ့ကို
ထိန်းနိုင်ပါတယ်`` ဟု ဆိုသည်။
ညနေကျောင်းဆင်းချိန်တွင် ဆရာမက ဂျွန်နီကလေး၏ဖခင်အား ဂုဏ်ူယူစွာဖြင့် ``ဒီနေ့ အလောင်းအစားလုပ်တာ ကျွန်မ နိုင်လိုက်တယ်။ နောက်ဆို သူကျွန်မကို စိန်ခေါ်ရဲတော့မှာ မဟုတ်ဘူး။
ကျွန်မ တင်ပါးမှာ မှဲ့ရှိရမယ်လို့ သူက ငါးဒေါ်လာကြေး လာလောင်းလို့
မရှိဘူးဆိုတဲ့ အကြောင်း သူ့ကို သက်သေပြလိုက်တယ်လေ`` ဟု ဆိုရာ ဂျွန်နီလေး၏
ဖခင်က စိတ်ပျက်စွာဖြင့် ဆိုလိုက်သည်က ``အဲဗျာ…. ဒါဆို ကျွန်တော်တော့
ရှုံးပြီ။ သူက ဒီနေ့ နေ့မကူးခင် ဆရာမရဲ့ တင်ပါးကို ရအောင်
ကြည့်ပြမယ်ဆိုပြီး ကျွန်တော်နဲ့ ဒေါ်လာ ၁၀၀ ကြေး လောင်းထားတာလေ…`` ။

Wednesday, July 21, 2010

ဟာသအပိုင်းအစလေးများ ....................

အိုဆေး
အမျိုးသမီးတစ်ဦးသည် အိမ်တစ်အိမ်၏ဆင်ဝင်အောက်တွင်

လှုပ်ကုလားထိုင်တစ်လုံးဖြင့်ငြိ
မ့်နေသောလူကောင်သေးသေး
အဖိုးအိုတစ်ဦးကိုမြင်သဖြင့်စကားသွားပြောသည်။

" ဒီလောက်ပျော်နေတာကိုမြင်တော့ဂရုမထားပဲမနေနိုင်တော့လို့
ပါ။ ဒီလိုပျော်ပျော်ကြီးအသက်ရှည်ဖို့လျှို့ဝှက်ချက်ကဘာပါလဲရှင့်"
" တစ်နေ့ကိုစီးကရက်သုံးဘူးသောက်တယ်။တစ်ပတ်ကို
ဝီစကီတစ်သေတ္တာကုန်တယ်။ အဆီများတဲ့အစားအသောက်တွေကိုစားပြီး
လေ့ကျင့်ခန်းမလုပ်ဘူး "
" အံ့သြစရာပါလား။အသက်ဘယ်လောက်ရှိသွားပြီလဲ"
" နှစ်ဆယ့်ခြောက်နှစ်.."
ကောင်းရော....
တစ်ခါက လူတစ်ယောက်ဟာ မိတ်ဆွေတစ်ဦးရဲ့ အဘွားနေမကောင်းတာကို

သတင်းမေးဖို့ ရောက်သွားခဲ့တယ်။ သတင်းမေးနေတုန်းမှာ သူက စားပွဲခုံပေါ်
တင်ထားတဲ့ မြေပဲဆံတွေကို ယူစားတော့တယ်။ သတင်းမေးပြီး အိမ်ပြန်ခါနီး
အဘွားကို မြေပဲဆံတွေအတွက် ကျေးဇူးတင်ကြောင်းပြောတော့ အဘွားက
"အေး.. အဘွားလဲ အသက်ကြီးတော့ မ၀ါးနိုင်တော့တာနဲ့ အဲဒီမြေပဲဆံ အပြင်က
ကပ်ထားတဲ့ ချောကလက်တွေလောက်ပဲ စုပ်စားနိုင်တော့တယ်ကွဲ့" ဟူတည်း။

Friday, July 16, 2010

နှာဘူးပါဘုရား....

ကျွန်တော်တို့ ရွှေနိုင်ငံရဲ့ တစ်ချို့ မြို့ ရွာ နာမည်တွေဟာ အင်မတန်မှ ကပေါက်တိ ကပေါက်ချာ နိုင်လွန်းတာပါ...ဥပမာ.. ပြွန်တန်ဆာတဲ့...နောက် ဂွေးချိုတဲ့..အဲ...ပြတိုက် ရောက်ဖူးတဲ့ ရေစကြိုနယ်ဘက်ကရွာဆို ဖုတ်ကုန်းတဲ့ဗျာ...အဲလိုပါ..ဘာကြောင့် ဘယ်လို မှည့်ခေါ်ထားလဲဆိုတဲ့ သမိုင်းကြောင်းတော့ အတိအကျ မသိရပါဘူး....။ ထားပါတော့လေ.. ခုက ပြတိုက်လေး ရောက်ဖူးခဲ့တဲ့ ရွာတစ်ရွာ အကြောင်းလေး ပြောပြချင်လို့ပါ...ရွာနာမည်က ဂွေးကြီးရွာတဲ့.. ရပ်ရွာထုံးစံပေါ့ဗျာ.. ရွာဦးထိပ်မှာ ကျောင်းလေးဆောက် ဘုန်းတော် ကြီးတစ်ပါး ကိုးကွယ်ထားတာပေါ့လေ...။ ရွှေမြန်မာတို့ ထုံးစံအတိုင်း မြို့ ရွာ ပညတ်ကို လိုက်လို့ ပုဂ္ဂိုလ်ကိုပါ လိုက်ခေါ်လေ့ရှိတော့ ကျောင်းထိုင်ဘုန်းကြီးလည်း ကင်ပွန်းတပ် စရာ မလိုပဲ 'ဂွေးကြီးဆရာတော်' ရယ်လို့ နာမည်တွင်သွားတာပေါ့. ကျောင်းဘုန်းကြီးလည်း ဂွေးကြီးဆရာတော် ဂွေးကြီးဆရာတော်နဲ့ အခေါ်ခံရဖန်များတော့ ရှက်စိတ်လေးဝင်ပြီး အကြံထုတ်တာပေါ့.. မဖြစ်ချေဘူး...ငါတော့ ဒီနာမည်ကြီး ပျောက်အောင် တစ်ခုခုတော့ လုပ်မှပေါ့လေ..ဒါနဲ့ ကုသိုလ်ရလဲ နာမည်လဲ လှအောင် စေတီလေး တစ်ဆူတည်မယ်ပေါ့..။ ဒီလိုနဲ့ ကိုးတောင်ပြည့်စေတီလေး တစ်ဆူတည်ပြီးတဲ့နောက်တော့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဖြစ်ရပါတော့တယ်..။ စေတီတည်ပြီးကာမှ ဆရာတော်ရဲ့ နာမည်သစ်လေးက ပိုလို့ ဝေ စည်သွားတော့တယ်..." ကိုးတောင်ပြည့် ဂွေးကြီးဆရာတော်" တဲ့. ဇာတ်က မပြီးသေးဘူးဗျ... တစ်နေ့ပေါ့ တစ်ခြားရွာမှာ ကထိန်ရှိလို့ ကြွရင်း ရေစက်ချအပြီး မဲဖောက်လှူကြတာကိုး...။ အစီအစဉ်ကြေငြာတဲ့ သူကလည်း ဟိုဘက်ရွာ ဒီဘက်ရွာ ကြားရအောင် မိုက်ကရိုဖုန်းနဲ့အော်တာလေ မြောက်ကျောင်းဆရာတော် ပဒေသာပင်၁၀၀၀ ပါဘုရား..... တောင်ဖီလာဆရာတော် ကြာသင်္ကန်းပါဘုရားပေါ့လေ...အလှည့် ကျအော်ပေးရင်း ဆိုင်ရာဆရာတော်တွေကလည်း အလှူခံရတာ..။ ကိုးတောင်ပြည့် ဆရာတော်အလှည့်ရောက်လာပါပြီ...အစီအစဉ် ကြေငြာသူကလည်း ပေါက်တဲ့ မဲကို ဖြေပြီး ခုလို အော်လိုက်ပါတယ် " ကိုးတောင်ပြည့် ဂွေးကြီးဆရာတော် နှာဘူးပါဘုရား" ကဲ ...ကောင်းရော...ဆရာတော်လည်း စိတ်က မထိန်းနိုင်တော့ဘူး လေ...ဘာကွ...လို့ အကျယ်ကြီး ပြန်အော်လိုက်တော့မှ ဟိုက ပြန် ပြင်အော်တယ်... နှာရှူဗူးမဲပေါက်တာပါဘုရား....တဲ့...။ ဆရာတော်လည်း အဲဒီကျမှ ဟင်းးးးးးးးးးးးးးးးးးရယ်လို့ သက်ပြင်းခိုးချ လို့ ပြန်ကြွသွားလေတော့သတဲ့...
                                                                            အလွန်ရယ်ရလို. ဒဂုံဆိုက်လေးထဲ ကပြန် share ပါတယ်ခင်ဗျာ....ပျော်ရွင်ကြပါစေကြာင်းပါ....

Wednesday, July 14, 2010

ဟာသတိုလေးများ.......

လွန်လွန်းပြီ *******
တည်းခိုခန်းသို. လူတစ်ယောက် ရောက်လာသည် ။ တစ်ညမျှ တည်းခိုရန်ဖြစ်သည် ။
တည်းခိုခန်း မန်နေဂျာက ဧည့်သည်များ မှတ်ပုံတင် စာရင်းစာအုပ်ကို ဖွင့်လိုက်သည် ။ ကြမ်းပိုး
တစ်ကောင်ကို မြင်ရာ တည်းခိုမည့်သူက မေးသည် ။
" ဒါ ဘာလဲ "
" ကြမ်းပိုး "
နောက်ကို ခြေတစ်လှမ်းဆုတ်လိုက်ပြီး လူငယ်က ပြောသည် ။
" တည်းခိုခန်းမှာ ကြမ်းပိုးရှိတာကို ကျနော် ဘာမှ မပြောလိုပါဘူး ။ ဒါပေမဲ့ ဗျာ..
ကျနော့်ကို ဘယ်အခန်းပေးမလဲဆိုတာ ဒီကောင်တွေ ထွက်ကြည့်တာကတော့ လွန်လွန်းပြီ ထင်တယ် "

**********************

လှည်းကျိုးထမ်းမိသည်
**************
သမီးပျိုကို မိန်းမလုပ်သူက သူမငယ်စဉ်က အကြောင်းပြောပြနေသည် ။
" မေမေက ' ဟင့်အင်း ၊ဟင့်အင်း' လို. အတင်းငြင်းတယ် ။
အဲဒီ အခါမှာ သမီးရဲ့ ဖေဖေကလေ မေမေ့ရှေ.မှာ ဒူးထောက်ထိုင်လိုက်ပြီး
အမျိုးမျိုး တောင်းပန်တယ် ။"
တစ်ချိန်လုံး ငြိမ်သက်စွာထိုင်ပြီး သတင်းစာဖတ်နေသော ယောက်ျားက ဒေါသသံဖြင့်
မိန်းမကို လှမ်းပြောသည် ။
" ဘာပြောတယ် ။ ငါက မင်းရျေ.မှာ ဒူးထောက်ထိုင်လိုက်တယ် ။ ဟုတ်လား ။"
မိန်းမက အေးအေးလေး ပြန်ဖြေသည် ။
" စိတ်မရှိပါနဲ့ ကိုဘမောင် ။ ကျမတို.ရဲ့ သမီးလေးကို သူ. အဖေ အကြောင်း ကျမပြောပြနေတာပါ ။"

*************************

မျှမျှတတပေါ့ .. ဟုတ်ဖူးလား
******************
ဆိတ်တစ်ကောင် သည် ကိုဘမောင်ရဲ့ ခြံထဲက ဟင်းသီးဟင်းရွက်တွေ စားပြီးဖျက်ဆီး
ပစ်လို့ ကိုဘမောင်က ရိုက်သတ်လိုက်မိသည် ။ အဲ့ဒီတော့ ဆိတ်ပိုင်ရှင် ကဒေါသထွက်ပြီး
ကိုဘမောင်ကို ထင်းတုံး နဲ့ ပြန်ပေါက်လိုက်တာ ကိုဘမောင်မိန်းမ ကိုမှန်ပြီးကိုယ်ဝန် သုံးလပျက်ကျသွာတယ်။
ဒီလိုနဲ့ အချင်းများပြီး ရပ်ကွက်ရုံးမှာ ရှင်းမရတာနဲ့ နောက်ဆုံး မြို.နယ် တရားရုံးကို
ရောက်သွားသည် ။ တရာသူကြီး က အဖြစ်အပျက် အစုံအလင်ကို နားထောင်ပြီး ဒီလို စီရင်ချက်ချလိုက်သည် ။

" ကိုဘမောင် က ဆိတ်ပိုင်ရှင် ရဲ့ဆိတ်ကို သတ်တာ ပေါ်လွင်နေတဲအတွက် ဆိတ်တစ် ကောင်ပြန်
အစားပေးစေ။ ဆိတ်ပိုင်ရှင် က ကိုဘမောင် မိန်းမ မှာရှိနေတဲ့ ကိုယ်ဝန်သုံးလ ကို ပျက်ကျအောင်လုပ်တာ
ပေါ်လွင်ထင်ရှားနေတဲ့ အတွက် ကိုဘမောင် မိန်းမကို ကိုယ်ဝန် သုံးလ ရှိ အောင်ပြန်လုပ်ပေးစေ ။ "

**********************

Thursday, June 17, 2010

အဖေ.ထက်သား တလကြီး

သားအဖနှစ်ယောက် တောင်ထိပ်ပေါ်သို့ ခဲရာခဲစစ် တက်လာခဲ့ကြသည် တောင်ထိပ်ပေါ်သို့ရောက်သောအခါ အလွန်မော၍ ပါးစပ်မှပင် အမြုပ်များထွက်နေကြသည်။ တအောင့်အကြာတွင်ဖခင်က
ဖခင် - သားရှိုင်းရေ ကြည့်ပါဦးသားရယ် တောင်အောက်က ရှုခင်းတွေ ဘယ်လောက်စိမ်းလန်းဆိုပြေပြီး သာယာလှပလိုက်သလဲဆိုတာ (ဒီအချိန်မှာ သားက အောက်ပါအတိုင်းပြန်ပြောလိုက်သည်)
ရှိုင်း - အဖေရယ် တောင်အောက်ကရှုခင်းတွေက သာယာလှပနေတယ်ဆိုလဲ ဘာလို့အပင်ပန်းခံပြီး တောင်ပေါ်တက်လာရသေးလဲ ခုတော့ဗျာ ၀ူးးးးးးးးး မောလိုက်တာ

အဖေ = သားမင်းတို့ဒီနေ့ အောင်စာရင်းထွက်တယ်ဆိုအောင်လား
သား = ဟင့်အင်း ဖေဖေ သားကျတယ်
အဖေ = ဘာ........မင်းကိုစာမေးပွဲအောင်ရင် ငွေတစ်ထောင် ဆုချမယ်လို့ပြောထားတယ်လေ မင်းကွာမကြိုးစားဘူး
သား = အဲ့လိုမဟုတ်ပါဘူးဖေဖေ
အဖေ = အမ်ဒါဆိုဘာလို့လဲ
သား = အဖေပိုက်ဆံကုန်မှာဆိုးလို့ပါ .. :)

၁)
တစ်ခါက လူတစ်ယောက်ဟာ မိတ်ဆွေတစ်ဦးရဲ့ အဘွားနေမကောင်းတာကို သတင်းမေးဖို့ ရောက်သွားခဲ့တယ်။ သတင်းမေးနေတုန်းမှာ သူက စားပွဲခုံပေါ် တင်ထားတဲ့ မြေပဲဆံတွေကို ယူစားတော့တယ်။ သတင်းမေးပြီး အိမ်ပြန်ခါနီး အဘွားကို မြေပဲဆံတွေအတွက် ကျေးဇူးတင်ကြောင်းပြောတော့ အဘွားက "အေး .. အဘွားလဲ အသက်ကြီးတော့ မ၀ါးနိုင်တော့တာနဲ့ အဲဒီမြေပဲဆံ အပြင်က ကပ်ထားတဲ့ ချောကလက်တွေလောက်ပဲ စုပ်စားနိုင်တော့တယ်ကွဲ့" ဟူတည်း။


ဆရာမတစ်ဦးက မူကြိုကလေးတွေကို အိမ်မွေးတိရိစ္ဆာန် အခေါ်အဝေါ်တွေ သင်ပေးနေတယ်။
ဆရာမ " ခြေနှစ်ချောင်းနဲ့ အိမ်မှာမွေးတဲ့ အကောင်တစ်မျိုးရှိတယ်။ မနက်မိုးလင်း နေထွက်တာနဲ့ အိမ်ရာထတော့လို့ ကလေးတို့ကို ထခိုင်းတတ်တယ်။ မထမချင်းလည်း အော်နေတတ်တယ်။ အဲတာ ဘာအကောင်လဲ သိလား"
ကလေးတွေက ဘာအကောင်မှန်း မသိလို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြတယ်။ အဲဒီအချိန်မှာ ကလေးတစ်ယောက်က ထအော်လိုက်တယ် "မေမေ" တဲ့။


ကင်ဆာရောဂါနဲ့ သေတော့မယ် လူတစ်ယောက်ကို သားဖြင့်သူက "ကင်ဆာရောဂါ ဖြစ်နေတာကို ဘာဖြစ်လို့ သတင်းလာမေးသူတိုင်းကို အေအိုင်ဒီအက်စ် ဖြစ်နေတယ်လို့ ပြောရတာလဲ ဖေဖေ" လို့ မေးတော့ အဖေဖြစ်သူ ဖြေလိုက်တာက "ဒါမှ ငါသေသွားရင် မင်းအမေကို တစ်ခြားလူ မကြံမှာပေါ့ကွ" ဟူတည်း။
Aung:

ကြောက်သွားပြ

ကြောက်သွားပြီ

သူငယ်ချင်းနှစ်ယောက် အရက်သောက်ရင်း စကားပြောနေကြသည်။ တစ်ယောက်ကပြောသည်။
"တော်ပြီကွာ။ ငါခုတလော လျှော့သောက်နေတယ်"
အံ့သြသွားသော အခြားသူငယ်ချင်းက အကြောင်းရင်းကိုမေးရာ ပထမတစ်ယောက်က ပြန်ဖြေသည်။
"တလောကကွာ။ ငါအပြင်မှာ သောက်တာ တော်တော်များသွားတယ်။ အဲဒါ အိမ်လဲပြန်ရောက်ရော တံခါးဖွင့်ပေးတဲ့ ငါ့မိန်းမက နှစ်ယောက်ဖြစ်နေတယ်လို့ ငါ့မျက်လုံးထဲမှာ မြင်လိုက်ရတယ်။ နောက်တစ်ခါ အဲဒီလောက် ကြောက်စရာကောင်းတဲ့ ခံစားချက်မျိုး ထပ်မဖြစ်ချင်တော့ဘူးကွာ"
ဧည့်သည်

လင်မယားနှစ်ယောက် စကားများ ရန်ဖြစ်ပြီးကာစတွင် အိမ်ရှေ့မှ လူခေါ်ခေါင်းလောင်းသံ မြည်လာသည်။ ယောက်ျားလုပ်သူက တံခါးသွားဖွင့်ပေးသည်။
အပြင်တွင် ဓားမြှောင်ကိုင်ထားသော မျက်နှာဖုံးစွပ် လူတစ်ဦး ရပ်နေသည်။ ပြီးတော့ အသံအက်အက်ကြီးဖြင့် ယောက်ျားလုပ်သူအား ပြောသည်။
"ကျုပ်က လူသတ်သမားပဲ။ မိန်းမတွေကို လည်လှီးပြီး သတ်ပစ်ချင်တယ်"
ယောက်ျားဖြစ်သူက ထိုလူအား ဘာမှပြန်မပြောတော့ဘဲ အိမ်ထဲသို့ လှမ်းအော်သည်။
"မိန်းမရေ၊ ဟောဒီမှာ မင်းနဲ့တွေ့ချင်လို့တဲ့။ ဧည့်သည် လာတယ်ဟေ့။"
ကံကောင်းတဲ့ မောင်

လူတစ်ဦး ကားတိုက်ခံရပြီး ဆေးရုံသို့ ရောက်လာသည်။ သတင်းကြားသဖြင့် ဆေးရုံသို့ လိုက်လာသော ၄င်း၏ဇနီးက ၀မ်းသာအားရပြောသည်။
"မောင်ရယ်၊ ကံကောင်းလိုက်တာနော်။ မနေ့ကပဲ မောင် မတော်တဆမှုအတွက် အာမခံ လုပ်ထားလိုက်တယ်။ ဟော … ဒီနေ့ပဲ ကားတိုက်ခံရပြီ"

Tuesday, June 8, 2010

ကျွန်တော်ရဲ.ဦးလေးဘကြီးရဲ. လဘက်ရည်ဆိုင် မှတ်တမ်း

                       စိတ်ထဲမှာ ကျွန်တော်ရဲ.ဘကြီးဦးလေးကိုသတိရနေမိတယ် ဘာရယ်မဟုတ်ဘူး စာလဲရေးချင်နေမိတာနဲ. ဘကြီးရဲ.ရိုးသားဖြူစင်တဲ.အမှားလေးကိုလဲပြန်မြင်ယော်င်လာမိတယ်  ကျွန်ေတာ်ရဲ.ဦးလေး ဘကြီးဟာ လူပျိုးကြီးပါ  ဖေဖေဘက်ကတော်တာပါ ညီကိုမောင်နှမ လေးယောက်ရှိပါတယ် ဖေဖေ တို.ဘက်က ပေါ. ။
                       ဖေဖေက အငယ်ဆုံးပါမောင်နှမတွေ ထဲမှာ အိမ်ထောင် အစောဆုံးကျတာလဲဖေဖေပါပဲ....အစ်မကြီးကအကြီးဆုံး ရှေးကျလွန်းပြီး ပိုက်ဆံအရမ်းစုတယ် ဘယ်ကိုမှလဲမသွားဘူး မရောက်ဘူး လူပျိုအပျိုကြီးတွေပဲ ဖေဖေထက်မှာ အကိုနှစ်ယောက်ရှိပါတယ် အခုပြောချင်တာက ဖေဖေအထက် ဖေဖေအစ်မကြီး ရဲ.အောက် ကအကိုပါ ဦလေးဘကြီးက အရမ်းရိုးပါတယ် သေဆုံးထိတိုင်အောင်လူပျိုကြီးဘဝနဲ.ဆုံးပါသွားတယ်။
                       ရေးချင်တာက ကျွန်တော်.ဘကြီးဦးလေးရဲ.ဟာသလေး ဖြစ်ပုံပါ ဦးလေးဘကြီးဘယ်လောက်ရိုးသလဲဆို လဘက်ရေ ဆိုင်တောင်မထိုင်ဘူးပါဘူး တနေ.သူက လဘက်ရည်ဆိုင်သွားထိုင်တယ် လဘက်ရည်ဆိုင်ဆိုတော. မုန်.တွေစားချင်တာစားလို.ရအောင် အကုန်လာချတာပေါ. စားသလောက်ရှင်းပေါ.  ဒါကိုသူကမသိဘူး သူသိတာက ဒီမုန်.တွေ အကုန်လုံးကို သူပိုက်ဆံပေးရမယ်ထင်နေတယ်။
                         အဲ.တာနဲ.လဘက်ရည်ကလဲမှာ ပြီးနေပြီ   မုန်.တွေကလဲ ချန်ခဲ.ရင် နှမြောစရာကြီးပေါ. သူတွေးတယ် အဲ.တာနဲ.မုန်.တွေကိုအကုန် စားပစ်လိုက်တယ်   ပြီးတော.ရှင်းတော. ပိုက်ဆံကမလောက်တော.ဘူး မလောက်တော. ဆိုင်ရှင်ကို ပြောတယ် နောက်မှလာပေးမယ်ပေါ. ဦးလေးဘကြီးတို.ကရိုးသားပြီး သူတို.ရွာမဆီမှာ ပိုက်ဆံအရှိဆုံးပါ နေတာက ဥက္က္ကံ ပါ တိုက်ကြီးဟိုဘက်က သူတို.နေတဲ.ဆီကနေ မြို.ထဲကို ၁၅ မိနစ်လောက် ကားစီးရင် ရောက်ပါတယ် ။
                          အဲ.တာနဲ.ပဲ ဦးလေးဘကြီးရိုးအ တာကိုသိလဲသိတဲ. ဦးလေး ဘကြီးရဲ. မိတ်ဆွေနဲ.တွေ.တော.မှ ဦးလေးဘကြီးကို ဟ ကိုနေဝင်းရ အဲ.ဒီမုန်.တွေက ကိုစားသလောက်ပဲရှင်းရတာဟ  အကုန်လုံးပေးရတာမဟုတ်ဘူး ဆိုတော.မှကျွန်တော.ရဲ.ဦးလေးဘကြီး သဘောပေါက်သွားတယ်း)))))
                          အဲ.တော.မှဦးလေးဘကြီးလဲ ရှက်ကိုးရှက်ကန်းနဲ. မသိဘူးလေကွာငါက မုန်.တွေလာချပေးတော.အကုန်လုံး ပေးရမယ်ထင်နေတာ အဲ.တာနဲ. ချန်ခဲ.ရင်လဲနှမြောစရာ ကြီးဖြစ်မှာဆိုးလို.အကုန်စားပစ်လိုက်တာဆိုပဲး))))
                           အခုတော.ဦးလေးဘကြီးဆုံးသွားပါပြီ  သူတို.ကလယ်တွေလုပ်ကြတာပါ လယ်ကွင်းထဲမှာပဲ အောင်.တယ်အောင.်တယ် ဆိုပြီး ပြောပြီး လူးလိမ်.နေတယ် ခဏအကြာမှာဆုံးသွား တာပါပဲ အဲ.အကြောင်းကိုသူနဲ.အတူနေဖို.ထည်.ထားတဲ.ကောင်လေးတယောက်ကပြန်ပြောပြတယ် အဲ.လယ်ကွင်းထဲမှာ ကျက်သရဲတွေလဲရှိတယ်ပြောတယ် သူကငရုတ်သီး အညှော်လုပ်တယ်ေ ပြာတယ် အဲ.တာနဲ. ကျက်တွေက ကိုင်လိုက်တာလို.လဲပြောတယ် ။
                           ကျက်တွေကငရုတ်းသီး အညှော် တော်တော် ကြောက်တယ်ပြောတယ် လူကြီးတွေပြောကြတာပါ ကျွန်ေတာ်လဲသေချာမသိပါဘူး ။ ဦးလေးဘကြီးဆုံးပြီးမကြာပါဘူး  အစ်မအကြီးဆုံး အပျိုကြီးပါပဲ ထပ်မံဆုံးရှာပါတယ် ဦးနှောက် ထဲပြည်တည်ပြီး ကုရင်းကနေပဲ ဆုံးသွားတယ် အဲ.ဒဏ်ရာက ငယ်ငယ်လေးထဲက လှေကားကနေ ပြုတ်ကျပြီး ရခဲ.တာပါ အခုမှ ပြန်လည်ပြီး ပြန်ဖြစ်တာ အဲ.ဒီကြီးမေ မသေခင် သူ.မောင်ဖေဖေ ထက်က ဖေဖေအကို ကို မိန်းမ ပေးစားခဲ.ပါတယ် ချစ်လို.ကြိုက်လို.လဲမဟုတ်ဘူး
                            ကြီးမေက သင်.လျော်တယ် ဆိုပြီး ပေးစားလိုက်တာပါ အခုတော.သားလေး၂ ယောက်ရနေပါပြီ ကျွန်ေတာ်တော်တော်ချစ်ပါတယ် အကြီးကောင်လေးက မင်းမော်ကွန်းနဲ.တူတယ် စာလဲတော်တယ် ။
                            အဲ.ဒီလောက်ထိရိုးသားပြီး အ ကြတဲ. ကျွန်တော်.ရဲ. ဥိးလေး ဒေါဒေါတွေပါ ....အခုတော. ညီကို ၂ယောက်ပဲကျန်ပါတယ် ဒီစာလေးကိုရေးသားရင်း ကျွန်တော်ရဲ. ကြီးမေရယ် ဦးလေဘကြီး ၂ယောက် ကောင်းရာသုဂတိလားပါစေသားလို. ဆုတောင်မေတ္တာပို.ပါတယ် ။

Friday, May 28, 2010

မှားယွင်းသူ ....

မေ့ဆေးပျယ်လို့  နိုးထလာတဲ့အချိန်မှာ သူ ဘေးဘီ ဝဲယာကို
ဝိုက်ကြည့်လိုက်ပါတယ်။ သူက လူနာအိမ်ဆောင်ခန်းထဲက ကုတင်ပေါ်မှာ ရှိနေပြီး
သူ့ နံဘေးမှာ သူနာပြုဆရာမတစ်ယောက် ရပ်စောင့်နေတာ တွေ့ လိုက်ရတယ်။
ခွဲစိတ်ခန်းထဲမှာ အစစအရာရာ ချောချောမောမော ရှိခဲ့ရဲ့လားလို့  သူက
မေးပါတယ်။

သူနာပြုဆရာမလေးက ပြုံးပြီး …

Thursday, April 22, 2010

ပြုံးရုံတင်ပြဲုံးနော်

အလွန် အရှက်ကြီးသော မိန်းမပျိုလေး တစ်ယောက်
ငယ်သူတို့ဘာဝ ချစ်သူရည်းစား အဖြစ် လူငယ်လေး တစ်ဦးနှင့် ရည်ငံနေကြပါသတဲ့။

တစ်နေ့မှာ
ချစ်သူနှစ်ဦး သာယာတဲ့ မြစ်ကမ်းဘေး သစ်ပင်ရိပ်အောက် မြက်ခင်းလေးမှာ ချိန်းတွေ့
နေကြတယ်။

သည်အခိုက်မှာ မနက်ခင်းတုန်းက ပဲကြီးလှော်သုပ်နဲ့ ကြက်သွန်ဖြူ အပြင်
အဘွားရဲ့ လျှက်ဆားကိုပါ တို့မြီးခဲ့တဲ့ မိန်းမပျိုခမျာ လေလည်ချင်
လာခဲ့ပါလေရော။

ခက်ပြီ။
အရှက်ကလည်းကြီး၊ ချစ်သူကလည်း အနီးမှာ အတူထိုင်နေလေများ လည်မိလိုက်လို့ကတော့ မဟာ
အရှက် ဟက်တက် ကွဲတော့မှာပဲ။
လေမလည်မိအောင်အတင်းအောင့်အည်းထာ
းရတယ်။
အောင့်ထားရလွန်းလို့ သွားတွေလည်း စိပြီး၊ ခြေမကလည်း ကွေးလို့။
အဲဒီ ကွေးနေတဲ့ ခြေချောင်းတွေနဲ့ ခြေမကို မြင်သွားတဲ့ ချစ်သူက
“အချစ်ရဲ့ ခြေချောင်းလေးတွေက လှရဲ့သားနဲ့ ဘာလို့ ကွေးထား တာလဲကွယ်” လို့
ပြောပြောဆိုဆို ခြေမလေး တစ်ဖက်ကို ကိုင်ပြီး ဆန့်လိုက်တယ်။

မိန်းမပျိုမှာ အောင့်ထားလို့ မရတော့ဘဲ ကျယ်လောင် ရှည်လျားတဲ့ အသံနဲ့
လေလည်လိုက်မိသွားရော။
မိန်းမပျိုလေးဟာ မျက်နှာကို လက်ဝါးနှစ်ဖက်နဲ့ အုပ်ပြီး ရှက်လွန်းလို့ မြစ်ထဲ
ခုန်ဆင်း သေမလို ဖြစ်သွားတယ်။
ချစ်သူကောင်လေးဟာ ခြေမကိုင်မိ လက်မကိုင်မိဖြစ်ပြီး ပျာပျာသလဲ
ချော့မော့တောင်းပန် လိုက်တာက
“အချစ်ကလေးရဲ့ အီးခလုတ်မှန်း မသိလို့ ကိုင်မိလိုက်တာပါ။ ကိုယ့်ကို
ခွင့်လွှတ်ပါကွယ်။ နောက်ဆို မကိုင်မိစေရပါဘူးနော်”တဲ့။


Saturday, March 20, 2010

ကြိုက်မယ်ထင်ပါတယ် ....

ကိုယ့်ကိုယ်ကို အထင်မကီးနဲ

ကိုမောင်နှင့် မခင်တို
ညားခါစ ပူပူနွေးနွေးလင်မယား နှစ်ယောက် အပြန်အလှန် ကတိက၀တ်ပြု
ကသည်
အဲဒီ ကတိက၀တ်သစာကတော့
လင်ဖြစ်စေ
မယားဖြစ်စေ တယောက်အပေါ် တယောက် သစာဖောက်မိလျှင်
သစ
ာဖောက်မိသူသည် ဘုရားစင်အောက်မှ မိမိသက်ဆိုင်ရာ
စားပွဲခုံအံဆွဲထဲတွင် ပဲစေ့တစေ့ကျထည့်ထားရန် သ
ဘောတူကသည်
သည်လိုနှင့် သုံးနှစ်ကာလာသည်

Thursday, March 11, 2010

စိုင်းစိုင်း၇ဲ. မျောလွင်.နေတဲ.တိမ် VERSION အသစ် လေးပါ သူငယ်ချင်းတစ်ယောက် ပို.လာပေးတာပါ

မျောလွင့် နေတဲ့ တိမ်
မျောလွင့် နေတဲ့ တိမ်~~စိတ္တဇဆန်တဲ့ ဒီမိုးများ~~~ရွာနေတုန်း~~ငါချမ်းလို့ တုန်
မိုးသည်းတဲ့ ညတွေမှာ~~~ ချဲတွက်နေ တညလုံး~~ ချဲမပေါက်တဲ့ ငါတော့ ရူး) :( :(

ဝေးခဲ့ ပြီ…… အတိုးပေး

Friday, March 5, 2010

ရယ်စရာအပိုင်းအစလေးများ....

မကုန်မီ...................
အမျိုးသမီးတစ်ဦးမောင်းလာသောကားကို ယာဉ်ထိန်းရဲက ရပ်ခိုင်းလိုက်သည်။
“သတ်မှတ်နှုန်းထက် ပိုမောင်းလို့ ပါခင်ဗျာ”
“ကျွန်မသိပါတယ်။ အခုဟာက

Thursday, March 4, 2010

ရယ်စရာအပိုင်းအစလေးများ....

မင်းတို့ သိရဲ့လား......................
နွားသိုးခြံတစ်ခုမှာပေါ့ နွားသိုးသုံးကောင်း ရှိတယ်၊ နွားမက ၁၀၀ ရှိတာ...... နွားသိုးသုံးကောင်းက ခွဲတန်နဲ့ နွားမတွေကိုပိုင်ကြတယ်။ အကြီးကောင်းက ၅၀ ပိုင်တယ်၊ အလတ်ကောင်က
၃၀၊ အငယ်ကောင်က ၂၀ ပေါ့။ တစ်နေ့  မှာခြံရှင်က နွားပေါက်နှုန်းနည်းလို
့ဆိုပြီး နွားသိုးတစ်ကောင်ထပ်ဝယ်တော့........သူတို
့သုံးကောင်တိုင်ပင်တာပေါ့ ။