RSS
1.

Thursday, June 17, 2010

အဖေ.ထက်သား တလကြီး

သားအဖနှစ်ယောက် တောင်ထိပ်ပေါ်သို့ ခဲရာခဲစစ် တက်လာခဲ့ကြသည် တောင်ထိပ်ပေါ်သို့ရောက်သောအခါ အလွန်မော၍ ပါးစပ်မှပင် အမြုပ်များထွက်နေကြသည်။ တအောင့်အကြာတွင်ဖခင်က
ဖခင် - သားရှိုင်းရေ ကြည့်ပါဦးသားရယ် တောင်အောက်က ရှုခင်းတွေ ဘယ်လောက်စိမ်းလန်းဆိုပြေပြီး သာယာလှပလိုက်သလဲဆိုတာ (ဒီအချိန်မှာ သားက အောက်ပါအတိုင်းပြန်ပြောလိုက်သည်)
ရှိုင်း - အဖေရယ် တောင်အောက်ကရှုခင်းတွေက သာယာလှပနေတယ်ဆိုလဲ ဘာလို့အပင်ပန်းခံပြီး တောင်ပေါ်တက်လာရသေးလဲ ခုတော့ဗျာ ၀ူးးးးးးးးး မောလိုက်တာ

အဖေ = သားမင်းတို့ဒီနေ့ အောင်စာရင်းထွက်တယ်ဆိုအောင်လား
သား = ဟင့်အင်း ဖေဖေ သားကျတယ်
အဖေ = ဘာ........မင်းကိုစာမေးပွဲအောင်ရင် ငွေတစ်ထောင် ဆုချမယ်လို့ပြောထားတယ်လေ မင်းကွာမကြိုးစားဘူး
သား = အဲ့လိုမဟုတ်ပါဘူးဖေဖေ
အဖေ = အမ်ဒါဆိုဘာလို့လဲ
သား = အဖေပိုက်ဆံကုန်မှာဆိုးလို့ပါ .. :)

၁)
တစ်ခါက လူတစ်ယောက်ဟာ မိတ်ဆွေတစ်ဦးရဲ့ အဘွားနေမကောင်းတာကို သတင်းမေးဖို့ ရောက်သွားခဲ့တယ်။ သတင်းမေးနေတုန်းမှာ သူက စားပွဲခုံပေါ် တင်ထားတဲ့ မြေပဲဆံတွေကို ယူစားတော့တယ်။ သတင်းမေးပြီး အိမ်ပြန်ခါနီး အဘွားကို မြေပဲဆံတွေအတွက် ကျေးဇူးတင်ကြောင်းပြောတော့ အဘွားက "အေး .. အဘွားလဲ အသက်ကြီးတော့ မ၀ါးနိုင်တော့တာနဲ့ အဲဒီမြေပဲဆံ အပြင်က ကပ်ထားတဲ့ ချောကလက်တွေလောက်ပဲ စုပ်စားနိုင်တော့တယ်ကွဲ့" ဟူတည်း။


ဆရာမတစ်ဦးက မူကြိုကလေးတွေကို အိမ်မွေးတိရိစ္ဆာန် အခေါ်အဝေါ်တွေ သင်ပေးနေတယ်။
ဆရာမ " ခြေနှစ်ချောင်းနဲ့ အိမ်မှာမွေးတဲ့ အကောင်တစ်မျိုးရှိတယ်။ မနက်မိုးလင်း နေထွက်တာနဲ့ အိမ်ရာထတော့လို့ ကလေးတို့ကို ထခိုင်းတတ်တယ်။ မထမချင်းလည်း အော်နေတတ်တယ်။ အဲတာ ဘာအကောင်လဲ သိလား"
ကလေးတွေက ဘာအကောင်မှန်း မသိလို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြတယ်။ အဲဒီအချိန်မှာ ကလေးတစ်ယောက်က ထအော်လိုက်တယ် "မေမေ" တဲ့။


ကင်ဆာရောဂါနဲ့ သေတော့မယ် လူတစ်ယောက်ကို သားဖြင့်သူက "ကင်ဆာရောဂါ ဖြစ်နေတာကို ဘာဖြစ်လို့ သတင်းလာမေးသူတိုင်းကို အေအိုင်ဒီအက်စ် ဖြစ်နေတယ်လို့ ပြောရတာလဲ ဖေဖေ" လို့ မေးတော့ အဖေဖြစ်သူ ဖြေလိုက်တာက "ဒါမှ ငါသေသွားရင် မင်းအမေကို တစ်ခြားလူ မကြံမှာပေါ့ကွ" ဟူတည်း။
Aung:

1 comment:

  1. ရယ်စရာ လေးများ ပျော်ရွင်စွာဖတ်သွားပါတယ်

    ReplyDelete