RSS
1.

Tuesday, June 8, 2010

ကျွန်တော်ရဲ.ဦးလေးဘကြီးရဲ. လဘက်ရည်ဆိုင် မှတ်တမ်း

                       စိတ်ထဲမှာ ကျွန်တော်ရဲ.ဘကြီးဦးလေးကိုသတိရနေမိတယ် ဘာရယ်မဟုတ်ဘူး စာလဲရေးချင်နေမိတာနဲ. ဘကြီးရဲ.ရိုးသားဖြူစင်တဲ.အမှားလေးကိုလဲပြန်မြင်ယော်င်လာမိတယ်  ကျွန်ေတာ်ရဲ.ဦးလေး ဘကြီးဟာ လူပျိုးကြီးပါ  ဖေဖေဘက်ကတော်တာပါ ညီကိုမောင်နှမ လေးယောက်ရှိပါတယ် ဖေဖေ တို.ဘက်က ပေါ. ။
                       ဖေဖေက အငယ်ဆုံးပါမောင်နှမတွေ ထဲမှာ အိမ်ထောင် အစောဆုံးကျတာလဲဖေဖေပါပဲ....အစ်မကြီးကအကြီးဆုံး ရှေးကျလွန်းပြီး ပိုက်ဆံအရမ်းစုတယ် ဘယ်ကိုမှလဲမသွားဘူး မရောက်ဘူး လူပျိုအပျိုကြီးတွေပဲ ဖေဖေထက်မှာ အကိုနှစ်ယောက်ရှိပါတယ် အခုပြောချင်တာက ဖေဖေအထက် ဖေဖေအစ်မကြီး ရဲ.အောက် ကအကိုပါ ဦလေးဘကြီးက အရမ်းရိုးပါတယ် သေဆုံးထိတိုင်အောင်လူပျိုကြီးဘဝနဲ.ဆုံးပါသွားတယ်။
                       ရေးချင်တာက ကျွန်တော်.ဘကြီးဦးလေးရဲ.ဟာသလေး ဖြစ်ပုံပါ ဦးလေးဘကြီးဘယ်လောက်ရိုးသလဲဆို လဘက်ရေ ဆိုင်တောင်မထိုင်ဘူးပါဘူး တနေ.သူက လဘက်ရည်ဆိုင်သွားထိုင်တယ် လဘက်ရည်ဆိုင်ဆိုတော. မုန်.တွေစားချင်တာစားလို.ရအောင် အကုန်လာချတာပေါ. စားသလောက်ရှင်းပေါ.  ဒါကိုသူကမသိဘူး သူသိတာက ဒီမုန်.တွေ အကုန်လုံးကို သူပိုက်ဆံပေးရမယ်ထင်နေတယ်။
                         အဲ.တာနဲ.လဘက်ရည်ကလဲမှာ ပြီးနေပြီ   မုန်.တွေကလဲ ချန်ခဲ.ရင် နှမြောစရာကြီးပေါ. သူတွေးတယ် အဲ.တာနဲ.မုန်.တွေကိုအကုန် စားပစ်လိုက်တယ်   ပြီးတော.ရှင်းတော. ပိုက်ဆံကမလောက်တော.ဘူး မလောက်တော. ဆိုင်ရှင်ကို ပြောတယ် နောက်မှလာပေးမယ်ပေါ. ဦးလေးဘကြီးတို.ကရိုးသားပြီး သူတို.ရွာမဆီမှာ ပိုက်ဆံအရှိဆုံးပါ နေတာက ဥက္က္ကံ ပါ တိုက်ကြီးဟိုဘက်က သူတို.နေတဲ.ဆီကနေ မြို.ထဲကို ၁၅ မိနစ်လောက် ကားစီးရင် ရောက်ပါတယ် ။
                          အဲ.တာနဲ.ပဲ ဦးလေးဘကြီးရိုးအ တာကိုသိလဲသိတဲ. ဦးလေး ဘကြီးရဲ. မိတ်ဆွေနဲ.တွေ.တော.မှ ဦးလေးဘကြီးကို ဟ ကိုနေဝင်းရ အဲ.ဒီမုန်.တွေက ကိုစားသလောက်ပဲရှင်းရတာဟ  အကုန်လုံးပေးရတာမဟုတ်ဘူး ဆိုတော.မှကျွန်တော.ရဲ.ဦးလေးဘကြီး သဘောပေါက်သွားတယ်း)))))
                          အဲ.တော.မှဦးလေးဘကြီးလဲ ရှက်ကိုးရှက်ကန်းနဲ. မသိဘူးလေကွာငါက မုန်.တွေလာချပေးတော.အကုန်လုံး ပေးရမယ်ထင်နေတာ အဲ.တာနဲ. ချန်ခဲ.ရင်လဲနှမြောစရာ ကြီးဖြစ်မှာဆိုးလို.အကုန်စားပစ်လိုက်တာဆိုပဲး))))
                           အခုတော.ဦးလေးဘကြီးဆုံးသွားပါပြီ  သူတို.ကလယ်တွေလုပ်ကြတာပါ လယ်ကွင်းထဲမှာပဲ အောင်.တယ်အောင.်တယ် ဆိုပြီး ပြောပြီး လူးလိမ်.နေတယ် ခဏအကြာမှာဆုံးသွား တာပါပဲ အဲ.အကြောင်းကိုသူနဲ.အတူနေဖို.ထည်.ထားတဲ.ကောင်လေးတယောက်ကပြန်ပြောပြတယ် အဲ.လယ်ကွင်းထဲမှာ ကျက်သရဲတွေလဲရှိတယ်ပြောတယ် သူကငရုတ်သီး အညှော်လုပ်တယ်ေ ပြာတယ် အဲ.တာနဲ. ကျက်တွေက ကိုင်လိုက်တာလို.လဲပြောတယ် ။
                           ကျက်တွေကငရုတ်းသီး အညှော် တော်တော် ကြောက်တယ်ပြောတယ် လူကြီးတွေပြောကြတာပါ ကျွန်ေတာ်လဲသေချာမသိပါဘူး ။ ဦးလေးဘကြီးဆုံးပြီးမကြာပါဘူး  အစ်မအကြီးဆုံး အပျိုကြီးပါပဲ ထပ်မံဆုံးရှာပါတယ် ဦးနှောက် ထဲပြည်တည်ပြီး ကုရင်းကနေပဲ ဆုံးသွားတယ် အဲ.ဒဏ်ရာက ငယ်ငယ်လေးထဲက လှေကားကနေ ပြုတ်ကျပြီး ရခဲ.တာပါ အခုမှ ပြန်လည်ပြီး ပြန်ဖြစ်တာ အဲ.ဒီကြီးမေ မသေခင် သူ.မောင်ဖေဖေ ထက်က ဖေဖေအကို ကို မိန်းမ ပေးစားခဲ.ပါတယ် ချစ်လို.ကြိုက်လို.လဲမဟုတ်ဘူး
                            ကြီးမေက သင်.လျော်တယ် ဆိုပြီး ပေးစားလိုက်တာပါ အခုတော.သားလေး၂ ယောက်ရနေပါပြီ ကျွန်ေတာ်တော်တော်ချစ်ပါတယ် အကြီးကောင်လေးက မင်းမော်ကွန်းနဲ.တူတယ် စာလဲတော်တယ် ။
                            အဲ.ဒီလောက်ထိရိုးသားပြီး အ ကြတဲ. ကျွန်တော်.ရဲ. ဥိးလေး ဒေါဒေါတွေပါ ....အခုတော. ညီကို ၂ယောက်ပဲကျန်ပါတယ် ဒီစာလေးကိုရေးသားရင်း ကျွန်တော်ရဲ. ကြီးမေရယ် ဦးလေဘကြီး ၂ယောက် ကောင်းရာသုဂတိလားပါစေသားလို. ဆုတောင်မေတ္တာပို.ပါတယ် ။

2 comments:

  1. သြော်ဖြစ်မှဖြစ်ရလေ... အပြင်လောကနဲ့ အဆက်သွယ်ပြတ်တယ်ဆိုတာ ဒါမျိုးထင်ပါတယ်... ဟိဟိ..

    ReplyDelete
  2. ကျွန်တော့ရဲ့ ဦးလေးဘကြီးရြ့ လဘက်ရည်ဆိုင်မှတ်တမ်းဆိုလို့ စိတ်ဝင်စားတာနဲ ၀င်ဖတ်တာပါ
    ကန်တော်ရိပ်သာဘလောက်မှာ လဘက်ရည်ဆိုင်သမိုင်းကလေးတင်ထားပါတယ် ၊ဟိုတုန်းက တက္ကသိုလ်နားမှာ ရှိတဲ့ ဦးချစ်ဘဘက်ရည်ဆိုင်ပုံကလေးတွေ့ မလားလို့ လိုက်ရှာနေတာပါ ၊ကန်တော်ရိပ်သာကို လာလည်လှဲ့ ပါ
    http://kandawyakethar.blogspot.com
    အဲဒိဆောင်းပါးလေးကို ကန်တော်၇ိပ်သာမှာ ဖေါ်ပြလိုက်၇မလား
    ခင်မင်သော
    မောင်သုည

    ReplyDelete