RSS
1.

Friday, February 26, 2010

ဒီလိုယောင်္ကျားမျိုးတွေကချစ်ဖို.မတန်တဲ.လူတွေပါ....

လိုယောင်္ကျားမျိုးတွေက ချစ်ဖို့ မတန်တဲ့သူတွေပါ..
တသက်လုံးစိတ်ဆင်းရဲရမှာနဲ့ စာရင် တလလောက်အသဲကွဲပစ်လိုက်တာ လဲရတာတန်ပါတယ်............

၁- လက်ပါတတ်သောသူ( ရန်ဖြစ်တာနဲ့ လူရှေ့ မရှောင် သူရှေ့ မရှောင်လက်သံပြောင် တတ်တဲ့သူတွေလေ...နောက်မလုပ်တော့ပါဘူး
လို့ သူကတောင်းပန်တော့ ချစ်လက်စနဲ့ ကြေအေး..အော်..သူနောက်လုပ်မှာ
မဟုတ်ပါဘူးလေ..လို့ ...ဖူးယောင်နေဆဲ မျက်နှာသေလေးနဲ့ တွေးတော မနေ ပါနဲ
့..ဗီဇက ဖျောက်ဖို့ ခက်ပါတယ်..)

၂- ကိုယ့် မိဘ၊ သူငယ်ချင်း ၊ အသိုင်း အ၀ိုင်းကို အလေးမထား၊ မလေးစား သူ
( တသက်လုံး မျက်နှာငယ်ရ ၊ အြေ့ပာအဆိုခံရမှာပါ၊ တခြိမ်းခြိမ်း စကားနိုင်လုပွဲတွေ လဲဆက်နေမှာပါ..)

၃-အလုပ်လက်ကြောမတင်းသူ ( တလောကလုံးက အလုပ်တွေ ကသူနဲ့ပဲ မတန်သလိုလို... အလုပ်လုပ်ရန် နေ့ ရွှေ့ ညရွှေ့  ဖင်တပြန်
ခေါင်းတပြန် အပျင်းကြောထူနေတတ်တဲ့သူပေါ့..မစဉ်းစားပါနဲ့ ...တဘ၀စာ ရှာဖွေရမှာ တယောက်တည်း ပင်ပန်းလှပါတယ်)

၎- အခက်အခဲဖြစ်တိုင်း ခေါင်းရှောင်တတ်သူ ( အကြံတုံး ဥာဏ်တုံး..အစွမ်းအစတုံး ငနဲတွေပါ...မိန်းကလေးကပဲ ဦးဆောင်နေရတာပေါ့
ကိုယ်ပိုင်အရည်အချင်းမရှိသူမျိုး ကို မချစ်ပါနဲ့ )

၅-ထစ်ခနဲရှိမျက်ရည်ကျပြတတ်သူ (ယောင်္ကျားတန်မဲ့ မျက်ရည်လွယ်သူ တွေလဲ ရှိပါတယ်...ကိုယ့်ကြောင့်ငိုလို့ ကိုယ့်ကိုသိပ်ချစ်တာပဲလို့
ထင်ရင်တော့ ဂိုးပြီနော်....သူက ကိုရီးယားကားကြည့်လဲ ငို ကုလားကားကြည့်လဲ ငိုဆို ဘယ်လိုလုပ်မလဲ... အပိုလုပ်သူတွေပါ..)

၆- စကားပြောသိပ်ကောင်းသူ ( သူ့ မှာ မိန်းကလေးတွေ
ဝိုင်းနေတတ်ပါတယ်..အပြောကောင်းတာကိုး....ဒီလိုလူမျိုး ကရှုပ်ကိုရှုပ်တတ်
ပါတယ်... မပတ်သတ်တာ စိတ်ချမ်းသာပါတယ်..သူ့ တော်ကီမှာ
မျောလို့ကတော့နောက်ပိုင်း မျက်ရည်ခွက်မှာပါ မျောမယ်မှတ် )

၇- အပျော်အပါးကိုစွဲလန်းသူ ( အဲ့လိုယောင်္ကျားမျိုး က အပေါင်းအသင်းစုံရင် အကုန်လုပ်ပါတယ်..သူမလုပ်ဖူးတာမရှိသလောက်ပါ...
ပိုက်ဆံလဲ အသုံးကြမ်းပြီး...မိန်းမရှုပ်တတ်ပါတယ်...ရှိုးပွဲတကာ..ကလပ်..ကေတီဗီ...အကုန်မှာ သူက ဘုရင်ပါပဲ)

၈-ရောဂါရှိသူ ( နှလုံးရောဂါ။ အဆုတ်ရောဂါ..ဘာညာသာရကာ...ရှိသူတွေပါ..အားမကိုးလောက်ပါဘူး...သူ့ ကိုလဲရှာကျွေးရမယ်..
ဆေးဖိုးလဲရှာရမယ်...ပြုစုရမယ်..ပျော်စရာ အချိန်မရှိပါဘူး..)

၉-မုးယစ်ဆေးဝါးစွဲနေသူ ( ကြောက်ဖို့ ကောင်းတဲ့သူတွေပါ..လူသတ်ဖို့တောင်ဝန်မလေးပါဘူး...ဆေးကြောင် ကြောင်ခဲ့ရင် ကိုယ့်ကို
ချစ်သူမှန်းသိချင်မှသိတော့မှာ..လည်ပင်းညှစ်ပြီး နားကပ် ဆွဲကြိုး ဖြုတ်..ပိုက်ဆံအိတ်လုသွားလို့  ရုံးရောက် ဂါတ်ရောက် ကျော်
မကောင်းကြားမကောင်းဖြစ်တတ်ပါတယ်..)

၁၀- အမေ ကိုသိပ်ချစ်သူ ( ဘယ်တော့မှ လင်ယောင်္ကျားကောင်းဖြစ်မလာပါဘူး...အမေ့ စကားတခွန်းပါပဲ..ယောက္ခမက ဂုံးတိုက်
တတ်တဲ့ သူဖြစ်လို့ကတော့ သေပြီ ဆရာပဲ...မျက်ရည်စမ်းစမ်းနေရမှာပါ... သူ့ အမေ နဲ့စကားများကြည့်..အိမ်ပေါ်ကနှင်ချမယ့်
သားအလိမ္မာတုံးတွေလေ....)


ကဲ..ကဲ စဉ်းစားလို့ ရတာ တွေ ပြောပြလိုက်ပါတယ်....မိန်းကလေးများ သတိ...သတိ..သတိ
ပြန်လည်ကူးယူတင်ပြချင်းဖြစ်ပါသည်....

1 comment:

  1. အော်.. ဂလို.. ဂလို...

    ReplyDelete