RSS
1.

Wednesday, July 14, 2010

ဟာသတိုလေးများ.......

လွန်လွန်းပြီ *******
တည်းခိုခန်းသို. လူတစ်ယောက် ရောက်လာသည် ။ တစ်ညမျှ တည်းခိုရန်ဖြစ်သည် ။
တည်းခိုခန်း မန်နေဂျာက ဧည့်သည်များ မှတ်ပုံတင် စာရင်းစာအုပ်ကို ဖွင့်လိုက်သည် ။ ကြမ်းပိုး
တစ်ကောင်ကို မြင်ရာ တည်းခိုမည့်သူက မေးသည် ။
" ဒါ ဘာလဲ "
" ကြမ်းပိုး "
နောက်ကို ခြေတစ်လှမ်းဆုတ်လိုက်ပြီး လူငယ်က ပြောသည် ။
" တည်းခိုခန်းမှာ ကြမ်းပိုးရှိတာကို ကျနော် ဘာမှ မပြောလိုပါဘူး ။ ဒါပေမဲ့ ဗျာ..
ကျနော့်ကို ဘယ်အခန်းပေးမလဲဆိုတာ ဒီကောင်တွေ ထွက်ကြည့်တာကတော့ လွန်လွန်းပြီ ထင်တယ် "

**********************

လှည်းကျိုးထမ်းမိသည်
**************
သမီးပျိုကို မိန်းမလုပ်သူက သူမငယ်စဉ်က အကြောင်းပြောပြနေသည် ။
" မေမေက ' ဟင့်အင်း ၊ဟင့်အင်း' လို. အတင်းငြင်းတယ် ။
အဲဒီ အခါမှာ သမီးရဲ့ ဖေဖေကလေ မေမေ့ရှေ.မှာ ဒူးထောက်ထိုင်လိုက်ပြီး
အမျိုးမျိုး တောင်းပန်တယ် ။"
တစ်ချိန်လုံး ငြိမ်သက်စွာထိုင်ပြီး သတင်းစာဖတ်နေသော ယောက်ျားက ဒေါသသံဖြင့်
မိန်းမကို လှမ်းပြောသည် ။
" ဘာပြောတယ် ။ ငါက မင်းရျေ.မှာ ဒူးထောက်ထိုင်လိုက်တယ် ။ ဟုတ်လား ။"
မိန်းမက အေးအေးလေး ပြန်ဖြေသည် ။
" စိတ်မရှိပါနဲ့ ကိုဘမောင် ။ ကျမတို.ရဲ့ သမီးလေးကို သူ. အဖေ အကြောင်း ကျမပြောပြနေတာပါ ။"

*************************

မျှမျှတတပေါ့ .. ဟုတ်ဖူးလား
******************
ဆိတ်တစ်ကောင် သည် ကိုဘမောင်ရဲ့ ခြံထဲက ဟင်းသီးဟင်းရွက်တွေ စားပြီးဖျက်ဆီး
ပစ်လို့ ကိုဘမောင်က ရိုက်သတ်လိုက်မိသည် ။ အဲ့ဒီတော့ ဆိတ်ပိုင်ရှင် ကဒေါသထွက်ပြီး
ကိုဘမောင်ကို ထင်းတုံး နဲ့ ပြန်ပေါက်လိုက်တာ ကိုဘမောင်မိန်းမ ကိုမှန်ပြီးကိုယ်ဝန် သုံးလပျက်ကျသွာတယ်။
ဒီလိုနဲ့ အချင်းများပြီး ရပ်ကွက်ရုံးမှာ ရှင်းမရတာနဲ့ နောက်ဆုံး မြို.နယ် တရားရုံးကို
ရောက်သွားသည် ။ တရာသူကြီး က အဖြစ်အပျက် အစုံအလင်ကို နားထောင်ပြီး ဒီလို စီရင်ချက်ချလိုက်သည် ။

" ကိုဘမောင် က ဆိတ်ပိုင်ရှင် ရဲ့ဆိတ်ကို သတ်တာ ပေါ်လွင်နေတဲအတွက် ဆိတ်တစ် ကောင်ပြန်
အစားပေးစေ။ ဆိတ်ပိုင်ရှင် က ကိုဘမောင် မိန်းမ မှာရှိနေတဲ့ ကိုယ်ဝန်သုံးလ ကို ပျက်ကျအောင်လုပ်တာ
ပေါ်လွင်ထင်ရှားနေတဲ့ အတွက် ကိုဘမောင် မိန်းမကို ကိုယ်ဝန် သုံးလ ရှိ အောင်ပြန်လုပ်ပေးစေ ။ "

**********************

1 comment:

  1. လမင်းရေ..
    နေကောင်းလား...။အမလည်းခုမှရောက်ဖြစ်တော့တယ်..။
    ဟာသလေးဖတ်သွားတာ ကောင်းတယ်..။
    ခင်တဲ့
    မသဒ္ဓါ

    ReplyDelete