RSS
1.

Wednesday, August 11, 2010

ဘယ်ရမလဲ

ဘယ်ရမလဲ

ဂျွန်နီကလေး ယနေ့ကျောင်းစတက်ရသည်။ အဖေဖြစ်သူက ဆရာမအား ``ကျွန်တော့်သားက အလောင်းအစားလုပ်တာ အရမ်းဝါသနာပါတယ်။ သူ့ကို သတိထားပါ`` ဟုပြောရာ ဆရာမက
``စိတ်မပူပါနဲ့၊ ကျွန်မငယ်ငယ်က သူ့ထက်တောင်ဆိုးသေးတယ်။ ကျွန်မ သူ့ကို
ထိန်းနိုင်ပါတယ်`` ဟု ဆိုသည်။
ညနေကျောင်းဆင်းချိန်တွင် ဆရာမက ဂျွန်နီကလေး၏ဖခင်အား ဂုဏ်ူယူစွာဖြင့် ``ဒီနေ့ အလောင်းအစားလုပ်တာ ကျွန်မ နိုင်လိုက်တယ်။ နောက်ဆို သူကျွန်မကို စိန်ခေါ်ရဲတော့မှာ မဟုတ်ဘူး။
ကျွန်မ တင်ပါးမှာ မှဲ့ရှိရမယ်လို့ သူက ငါးဒေါ်လာကြေး လာလောင်းလို့
မရှိဘူးဆိုတဲ့ အကြောင်း သူ့ကို သက်သေပြလိုက်တယ်လေ`` ဟု ဆိုရာ ဂျွန်နီလေး၏
ဖခင်က စိတ်ပျက်စွာဖြင့် ဆိုလိုက်သည်က ``အဲဗျာ…. ဒါဆို ကျွန်တော်တော့
ရှုံးပြီ။ သူက ဒီနေ့ နေ့မကူးခင် ဆရာမရဲ့ တင်ပါးကို ရအောင်
ကြည့်ပြမယ်ဆိုပြီး ကျွန်တော်နဲ့ ဒေါ်လာ ၁၀၀ ကြေး လောင်းထားတာလေ…`` ။

Tuesday, August 10, 2010

အပြုံးနဲ့ ကြိုဆို , အငိုနဲ့ နှုတ်ဆက်

# အပြုံးနဲ့ ကြိုဆို , အငိုနဲ့ နှုတ်ဆက်

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မိတ်ဆွေတစ်ယောက်ရဲ့ ဇနီးသည် ဆုံးပါးသွားလို့ “အသုဘ” သွားမေးဖြစ်တယ်။ အသက်က (၄၈)နှစ်။  အလုပ်အကိုင်က ဆရာဝန်,မ။ ကင်ဆာရောဂါကို (၁၂)နှစ်ကြာအောင် ကြံ့ကြံ့ခံရင်း နောက်ဆုံး လက်မြှောက် အရှုံးပေး သွားခဲ့ရတာပါ။ သမီးလေး (၃)ယောက် ကျန်ရစ်ခဲ့ပါတယ်။
နောက် (၂)ရက်ကြာတော့ ဂွတ်တလစ်မှာ နေတဲ့ ကျွန်တော့် အဒေါ်တစ်ယောက် ဆုံးပါးသွားပြန်ပါတယ်။ သူကတော့ အသက် မငယ်တော့ဘူးလို့ ပြောရင်လည်း ရပါတယ်။ အသက် (၆၈)နှစ်ပါ။
လေဖြတ်ပြီး အိပ်ယာထဲမှာ (၆)လ လောက် ဝေဒနာ ခံစားပြီးမှ ကွယ်လွန်သွားရတာပါ။ အလွန်ပင်ပန်း ဆင်းရဲပါတယ်။ အိပ်ယာထဲမှာ လ,နဲ့ ချီပြီး လဲလျောင်း နေရတဲ့ အတွက် ဖြစ်ပေါ်လာတဲ့ “အိပ်ယာနာ” (bed sore) တွေကြောင့် အပြင်းအထန် နာကျင်ကိုက်ခဲမှုကို ခံစားပြီး ကွယ်လွန်သွား ရတာပါ။ မြင်ရတာ မသက်သာလွန်းလို့ ဆုံးပါးသွားတာကိုဘဲ ၀ဋ်ကျွတ်သွားတာဘဲလေ လို့တောင် ထင်မိပါသေးတယ်။
ကနေ့ နေ့လယ် (၁၂)နာရီမှာ “အသုဘ” ချပါတယ်။ မရောက်တာ အတော်ကြာနေပြီ ဖြစ်တဲ့ “ရေဝေး” ကို ရောက်ခဲ့ရ ပြန်ပါပြီ။ “ရေဝေး” သုဿန်ရဲ့ မြင်ကွင်းတွေကတော့ အရင်တုန်းကလိုဘဲ ဘာမှ မပြောင်းလဲ သေးပါဘူး။
. . . ကားတွေ တစ်စီးပြီး တစ်စီး ဆိုက်လာမယ် . . .  လိုက်လံပို့ဆောင်သူတွေ မျက်နှာ မသာမယာနဲ့ ကားတွေပေါ်က ဆင်းလာမယ် . . . ဆလွန်းကားပေါ်က မိသားစုဝင်တွေ /ဆွေမျိုးတွေ မျက်ရည်ဖြိုင်ဖြိုင် နဲ့ ဆင်းလာကြမယ် . . . ပြင်ဆင်ထားတဲ့  “ကွယ်လွန်သူ” ရဲ့ ရုပ်အလောင်းကို တစိမ့်စိမ့် ကြည့်ကြရင်း နောက်ဆုံးခရီးကို “အငို နဲ့ နှုတ်ဆက်” ကြမယ် . . .  စိတ်မခိုင်တဲ့ သူတွေဆိုရင် အော်ကြ၊ ဟစ်ကြမယ်။ ရင်ဘတ် စည်တီးကြမယ် . . . အပူလုံးဆို့ပြီး “တက်” သွားလို့ ၀ိုင်းပြီး