RSS
1.

Saturday, July 24, 2010

ဝက်ခြံအကြောင်း သိကောင်းစရာ

က၀က်ခြံအကြောင်းသိကောင်းစရာ

ဝက်ခြံဆိုတာဟာ မျက်နှာအသားအရေပေါ်ရှိ ဖြစ်တတ်သော အရေပြားဆိုင်ရာ
ရောဂါတစ်မျိုးဖြစ်ပြီး ၎င်းဟာ အန္တရာယ်တော့ မရှိပါဘူး။ ဒါပေမယ့်
ဝက်ခြံပေါက်ခြင်းကြောင့် သင့်မျက်နှာအသားအရေကြည့်ရဆိုးစေပြီး တစ်ခါတစ်ရံ

ဝက်ခြံကြောင့် အမာရွတ်ကိုတောင် ဖြစ်ပေါ်စေနိုင်ပါတယ်။ ၀က်ခြံဟာ အရွယ်ရောက်စ
ဆယ်ကျော်သက်များတွင် စတင်ဖြစ်ပွားပြီး ၎င်းဟာ ပျောက်ကင်းဖို့ခက်တဲ့
အရေပြားဆိုင်ရာ ချို့ယွင်းချက်တစ်မျိုးလည်း ဖြစ်ပါတယ်။ လူအများစုဟာ
ဝက်ခြံပေါက်ကြပြီး အချို့ကတော့ အလွယ်တကူ ပျောက်ကင်းသွားကြပြီး အချို့ကတော့

ပျောက်ရန် အတော်လေးခဲယဉ်းပါတယ်။ ၀က်ခြံဟာ အရေပြားအပေါ်ယံလွှာရှိ
ဘက်တီးရီးယားပိုးများကြောင့် ကူးစက်ပျံ့နှံ့ပြီး တစ်ခါတစ်ရံ
မျက်နှာပြင်သာမကဘဲ ခန္ဓာကိုယ်ရှိ အခြားနေရာများတွင်လည်း

Wednesday, July 21, 2010

ဟာသအပိုင်းအစလေးများ ....................

အိုဆေး
အမျိုးသမီးတစ်ဦးသည် အိမ်တစ်အိမ်၏ဆင်ဝင်အောက်တွင်

လှုပ်ကုလားထိုင်တစ်လုံးဖြင့်ငြိ
မ့်နေသောလူကောင်သေးသေး
အဖိုးအိုတစ်ဦးကိုမြင်သဖြင့်စကားသွားပြောသည်။

" ဒီလောက်ပျော်နေတာကိုမြင်တော့ဂရုမထားပဲမနေနိုင်တော့လို့
ပါ။ ဒီလိုပျော်ပျော်ကြီးအသက်ရှည်ဖို့လျှို့ဝှက်ချက်ကဘာပါလဲရှင့်"
" တစ်နေ့ကိုစီးကရက်သုံးဘူးသောက်တယ်။တစ်ပတ်ကို
ဝီစကီတစ်သေတ္တာကုန်တယ်။ အဆီများတဲ့အစားအသောက်တွေကိုစားပြီး
လေ့ကျင့်ခန်းမလုပ်ဘူး "
" အံ့သြစရာပါလား။အသက်ဘယ်လောက်ရှိသွားပြီလဲ"
" နှစ်ဆယ့်ခြောက်နှစ်.."
ကောင်းရော....
တစ်ခါက လူတစ်ယောက်ဟာ မိတ်ဆွေတစ်ဦးရဲ့ အဘွားနေမကောင်းတာကို

သတင်းမေးဖို့ ရောက်သွားခဲ့တယ်။ သတင်းမေးနေတုန်းမှာ သူက စားပွဲခုံပေါ်
တင်ထားတဲ့ မြေပဲဆံတွေကို ယူစားတော့တယ်။ သတင်းမေးပြီး အိမ်ပြန်ခါနီး
အဘွားကို မြေပဲဆံတွေအတွက် ကျေးဇူးတင်ကြောင်းပြောတော့ အဘွားက
"အေး.. အဘွားလဲ အသက်ကြီးတော့ မ၀ါးနိုင်တော့တာနဲ့ အဲဒီမြေပဲဆံ အပြင်က
ကပ်ထားတဲ့ ချောကလက်တွေလောက်ပဲ စုပ်စားနိုင်တော့တယ်ကွဲ့" ဟူတည်း။

Monday, July 19, 2010

ဗိုလ်ချုပ်အောင်ဆန်းရှားပါးဓါတ်ပုံများ(၁၉)ဇူလိုင်အမှတ်တရ

ဗိုလ်ချုပ်အောင်ဆန်းရှားပါးဓါတ်ပုံများ(၁၉)ဇူလိုင်အမှတ်တရ
                ဗိုလ်ချုပ် ၏ ရှားပါးဓာတ်ပုံ များကို တွေ.သမျ ဆိုက်ထဲက ကူးယူဖော်ပြကြောင်းပါ မမေ.အပ်သော ဇူလိုင် ( ၁၉ ) မှာ ဗိုလ်ချုပ်အားဂုဏ် ပြုသောအားဖြင်. ထပ်မံ ဖော်ပြလိုက်ပါတယ် ပုံများကို ထပ်မံကြည်ရှု. ပါလို.အောက်မှာ ကလစ်ပြီးတော. ကျန်ခဲ.မှာဆိုးလို.ပါး)

ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရ


ဗိုလ်ချုပ်အောင်ဆန်း (၁၉၁၅-ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက် - ၁၉၄၇-ခုနှစ် ဇူလိုင်‌ ၁၉ ရက်) သည် မြန်မာနိုင်ငံ၏ အမျိုးသားသူရဲကောင်း၊ တော်လှန်ရေးသမား၊ မျိုးချစ်ပုဂ္ဂိုလ်၊ တပ်မတော်၏ ဖခင်ကြီး၊ဗိုလ်ချုပ်နှင့်
နိုင်ငံရေးသမား ဖြစ်သည်။ သူ၏ ဖခင်မှာ ရှေ့နေဦးဖာနှင့် မိခင်မှာ ဒေါ်ခင်စု
ဖြစ်ကြပြီး ထိုစဉ်အခါ ဗြိတိသျှအိန္ဒိယနိုင်ငံတွင် ပါဝင်ခဲ့သော မြန်မာနိုင်ငံ
အလယ်ပိုင်း၊ မကွေးခရိုင်၊ နတ်မောက်မြို့တွင် မွေးဖွားခဲ့သည်။ သူ၏
မိဘမျိုးရိုးတွင်

Friday, July 16, 2010

နှာဘူးပါဘုရား....

ကျွန်တော်တို့ ရွှေနိုင်ငံရဲ့ တစ်ချို့ မြို့ ရွာ နာမည်တွေဟာ အင်မတန်မှ ကပေါက်တိ ကပေါက်ချာ နိုင်လွန်းတာပါ...ဥပမာ.. ပြွန်တန်ဆာတဲ့...နောက် ဂွေးချိုတဲ့..အဲ...ပြတိုက် ရောက်ဖူးတဲ့ ရေစကြိုနယ်ဘက်ကရွာဆို ဖုတ်ကုန်းတဲ့ဗျာ...အဲလိုပါ..ဘာကြောင့် ဘယ်လို မှည့်ခေါ်ထားလဲဆိုတဲ့ သမိုင်းကြောင်းတော့ အတိအကျ မသိရပါဘူး....။ ထားပါတော့လေ.. ခုက ပြတိုက်လေး ရောက်ဖူးခဲ့တဲ့ ရွာတစ်ရွာ အကြောင်းလေး ပြောပြချင်လို့ပါ...ရွာနာမည်က ဂွေးကြီးရွာတဲ့.. ရပ်ရွာထုံးစံပေါ့ဗျာ.. ရွာဦးထိပ်မှာ ကျောင်းလေးဆောက် ဘုန်းတော် ကြီးတစ်ပါး ကိုးကွယ်ထားတာပေါ့လေ...။ ရွှေမြန်မာတို့ ထုံးစံအတိုင်း မြို့ ရွာ ပညတ်ကို လိုက်လို့ ပုဂ္ဂိုလ်ကိုပါ လိုက်ခေါ်လေ့ရှိတော့ ကျောင်းထိုင်ဘုန်းကြီးလည်း ကင်ပွန်းတပ် စရာ မလိုပဲ 'ဂွေးကြီးဆရာတော်' ရယ်လို့ နာမည်တွင်သွားတာပေါ့. ကျောင်းဘုန်းကြီးလည်း ဂွေးကြီးဆရာတော် ဂွေးကြီးဆရာတော်နဲ့ အခေါ်ခံရဖန်များတော့ ရှက်စိတ်လေးဝင်ပြီး အကြံထုတ်တာပေါ့.. မဖြစ်ချေဘူး...ငါတော့ ဒီနာမည်ကြီး ပျောက်အောင် တစ်ခုခုတော့ လုပ်မှပေါ့လေ..ဒါနဲ့ ကုသိုလ်ရလဲ နာမည်လဲ လှအောင် စေတီလေး တစ်ဆူတည်မယ်ပေါ့..။ ဒီလိုနဲ့ ကိုးတောင်ပြည့်စေတီလေး တစ်ဆူတည်ပြီးတဲ့နောက်တော့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဖြစ်ရပါတော့တယ်..။ စေတီတည်ပြီးကာမှ ဆရာတော်ရဲ့ နာမည်သစ်လေးက ပိုလို့ ဝေ စည်သွားတော့တယ်..." ကိုးတောင်ပြည့် ဂွေးကြီးဆရာတော်" တဲ့. ဇာတ်က မပြီးသေးဘူးဗျ... တစ်နေ့ပေါ့ တစ်ခြားရွာမှာ ကထိန်ရှိလို့ ကြွရင်း ရေစက်ချအပြီး မဲဖောက်လှူကြတာကိုး...။ အစီအစဉ်ကြေငြာတဲ့ သူကလည်း ဟိုဘက်ရွာ ဒီဘက်ရွာ ကြားရအောင် မိုက်ကရိုဖုန်းနဲ့အော်တာလေ မြောက်ကျောင်းဆရာတော် ပဒေသာပင်၁၀၀၀ ပါဘုရား..... တောင်ဖီလာဆရာတော် ကြာသင်္ကန်းပါဘုရားပေါ့လေ...အလှည့် ကျအော်ပေးရင်း ဆိုင်ရာဆရာတော်တွေကလည်း အလှူခံရတာ..။ ကိုးတောင်ပြည့် ဆရာတော်အလှည့်ရောက်လာပါပြီ...အစီအစဉ် ကြေငြာသူကလည်း ပေါက်တဲ့ မဲကို ဖြေပြီး ခုလို အော်လိုက်ပါတယ် " ကိုးတောင်ပြည့် ဂွေးကြီးဆရာတော် နှာဘူးပါဘုရား" ကဲ ...ကောင်းရော...ဆရာတော်လည်း စိတ်က မထိန်းနိုင်တော့ဘူး လေ...ဘာကွ...လို့ အကျယ်ကြီး ပြန်အော်လိုက်တော့မှ ဟိုက ပြန် ပြင်အော်တယ်... နှာရှူဗူးမဲပေါက်တာပါဘုရား....တဲ့...။ ဆရာတော်လည်း အဲဒီကျမှ ဟင်းးးးးးးးးးးးးးးးးးရယ်လို့ သက်ပြင်းခိုးချ လို့ ပြန်ကြွသွားလေတော့သတဲ့...
                                                                            အလွန်ရယ်ရလို. ဒဂုံဆိုက်လေးထဲ ကပြန် share ပါတယ်ခင်ဗျာ....ပျော်ရွင်ကြပါစေကြာင်းပါ....

Wednesday, July 14, 2010

ဟာသတိုလေးများ.......

လွန်လွန်းပြီ *******
တည်းခိုခန်းသို. လူတစ်ယောက် ရောက်လာသည် ။ တစ်ညမျှ တည်းခိုရန်ဖြစ်သည် ။
တည်းခိုခန်း မန်နေဂျာက ဧည့်သည်များ မှတ်ပုံတင် စာရင်းစာအုပ်ကို ဖွင့်လိုက်သည် ။ ကြမ်းပိုး
တစ်ကောင်ကို မြင်ရာ တည်းခိုမည့်သူက မေးသည် ။
" ဒါ ဘာလဲ "
" ကြမ်းပိုး "
နောက်ကို ခြေတစ်လှမ်းဆုတ်လိုက်ပြီး လူငယ်က ပြောသည် ။
" တည်းခိုခန်းမှာ ကြမ်းပိုးရှိတာကို ကျနော် ဘာမှ မပြောလိုပါဘူး ။ ဒါပေမဲ့ ဗျာ..
ကျနော့်ကို ဘယ်အခန်းပေးမလဲဆိုတာ ဒီကောင်တွေ ထွက်ကြည့်တာကတော့ လွန်လွန်းပြီ ထင်တယ် "

**********************

လှည်းကျိုးထမ်းမိသည်
**************
သမီးပျိုကို မိန်းမလုပ်သူက သူမငယ်စဉ်က အကြောင်းပြောပြနေသည် ။
" မေမေက ' ဟင့်အင်း ၊ဟင့်အင်း' လို. အတင်းငြင်းတယ် ။
အဲဒီ အခါမှာ သမီးရဲ့ ဖေဖေကလေ မေမေ့ရှေ.မှာ ဒူးထောက်ထိုင်လိုက်ပြီး
အမျိုးမျိုး တောင်းပန်တယ် ။"
တစ်ချိန်လုံး ငြိမ်သက်စွာထိုင်ပြီး သတင်းစာဖတ်နေသော ယောက်ျားက ဒေါသသံဖြင့်
မိန်းမကို လှမ်းပြောသည် ။
" ဘာပြောတယ် ။ ငါက မင်းရျေ.မှာ ဒူးထောက်ထိုင်လိုက်တယ် ။ ဟုတ်လား ။"
မိန်းမက အေးအေးလေး ပြန်ဖြေသည် ။
" စိတ်မရှိပါနဲ့ ကိုဘမောင် ။ ကျမတို.ရဲ့ သမီးလေးကို သူ. အဖေ အကြောင်း ကျမပြောပြနေတာပါ ။"

*************************

မျှမျှတတပေါ့ .. ဟုတ်ဖူးလား
******************
ဆိတ်တစ်ကောင် သည် ကိုဘမောင်ရဲ့ ခြံထဲက ဟင်းသီးဟင်းရွက်တွေ စားပြီးဖျက်ဆီး
ပစ်လို့ ကိုဘမောင်က ရိုက်သတ်လိုက်မိသည် ။ အဲ့ဒီတော့ ဆိတ်ပိုင်ရှင် ကဒေါသထွက်ပြီး
ကိုဘမောင်ကို ထင်းတုံး နဲ့ ပြန်ပေါက်လိုက်တာ ကိုဘမောင်မိန်းမ ကိုမှန်ပြီးကိုယ်ဝန် သုံးလပျက်ကျသွာတယ်။
ဒီလိုနဲ့ အချင်းများပြီး ရပ်ကွက်ရုံးမှာ ရှင်းမရတာနဲ့ နောက်ဆုံး မြို.နယ် တရားရုံးကို
ရောက်သွားသည် ။ တရာသူကြီး က အဖြစ်အပျက် အစုံအလင်ကို နားထောင်ပြီး ဒီလို စီရင်ချက်ချလိုက်သည် ။

" ကိုဘမောင် က ဆိတ်ပိုင်ရှင် ရဲ့ဆိတ်ကို သတ်တာ ပေါ်လွင်နေတဲအတွက် ဆိတ်တစ် ကောင်ပြန်
အစားပေးစေ။ ဆိတ်ပိုင်ရှင် က ကိုဘမောင် မိန်းမ မှာရှိနေတဲ့ ကိုယ်ဝန်သုံးလ ကို ပျက်ကျအောင်လုပ်တာ
ပေါ်လွင်ထင်ရှားနေတဲ့ အတွက် ကိုဘမောင် မိန်းမကို ကိုယ်ဝန် သုံးလ ရှိ အောင်ပြန်လုပ်ပေးစေ ။ "

**********************

Wednesday, July 7, 2010

မိုး နှင်.အတူ .....

                            " မိုး "  ဟုတ်တယ် မိုး မှာ သူတို.ဆုံတွေ.ခဲ.ကြတယ် ............ ဒီနေ.လဲ သူ ထီးမပါရင် ကူညီပေးရန်  ကောင်လေး ထီးကို အသင်. ယူလာမိတယ်  ကျောင်းသို. ရောက်သောအခါ သူမရှိတဲ.နေရာကွက်လပ်လေးပဲမြင်နေမိတယ် ...။
                              စိတ်ထဲမှာ အတွေးပေါင်းစုံနဲ. နေများမကောင်းသလား ပေါ. မနေ.က မိုးတွေ ကအရမ်းရွာလွန်းတယ် ကျောင်းဆင်းချိန်မှာ ထီးမပါ ပဲမိုးရေထဲမှာ မသိများနေလားသလား ထီးမပါပဲ ပျော်ရွင်စွာလမ်းလျောက်နေတဲ. ကောင်မလေး အခုတော.ကျောင်းမလာ ကျောင်းတက်တော.မယ် ကောင်မလေး မလာပါ သေချာပါပြီ သူနေမကောင်းဖြစ်တာ ....။
                               စိတ်ထဲမှာ ရေရွတ်နေမိတယ် ကောင်မလေး ရယ်ဘာလို. ပေါ.ဆရတာလဲပေါ. အခုတော.နင်နေမကောင်းဖြစ်ပြီပေါ. ငါစိတ်တွေပူတယ်ကောင်မလေးရယ် နင်နေကောင်းပါစေ မနက်ဖြန် ကျောင်းအမြန် တက်နှိင်ပါစေ ငါမနေတတ်လို.ပါ ငါစိတ်တွေပူလိုက်တာ ထိုနေ.တနေ.လုံး ကောင်လေး စာလဲကောင်းကောင်း လိုက်မလုပ်နှိင်ပါ စာအုပ်ထဲမှာ ကောင်မလေးနာမည်တွေပဲ ချရေးနေမိတယ် ....။
                                ဆရာမ စာမေးတာလဲမဖြေနှိင် အတွေးထဲမှာ ကောင်မလေးပဲပေါ. စာတွေ သင်နေတဲ. ဆရာမကို ဂရုမစိုက်ပဲ စာတွေရေးနေတဲ. ကောင်လေးကို ဆရာမခေါပြီး ကျိမ်နဲ. တီးတာကိုခံလိုက်ရတယ် ....။
ကောင်လေးနာရကောင်းမှန်းလဲ မသိ သူသိတာက အခု ကောင်မလေးပဲရှိတယ် အိမ်ပြန်ရောက်လဲ စာမလုပ် ကောင်မလေး ကိုပဲတွေးနေမိတယ် ဘာလို.စိုးမိုးနေ လဲအတွေးမှာ ပေါ. သေချာပါတယ် ငါ အရမ်းချစ်မိနေမိပြီ ပေါ. .....။
                              ကျောင်းဖွင်.ကာစ မိုးတွင်းမှာ ကောင်မလေးဟာ ကျောင်းသူအသစ် အနေနဲ. ကောင်လေးရဲ.ကျောင်းကို ရောက်လာတယ် ကျောင်းကိုရောက်လာတဲ.ကျောင်းသူ အသစ်လေးဆိုတော. လူတိုင်းက ဝိုင်းပြီး ဟောက်ချင်ကြတယ် နှိမ်ချင်ကြတယ် ...အဲ.လူတွေကို ကောင်လေး စိတ်တိုနေမိတယ် ဘာလို.လဲပေါ. ကောင်လေး ချစ်မိနေတာကိုး ကောင်မလေးက ချစ်ဖို.ကောင်းသလို စာလဲတော်တယ် အတန်းထဲမှာ အမြဲတမ်း ၁ ပဲ ဒါကြောင်.သူကို လုံးဝ မနာလိုကြဘူး မျက်လုံး ဝိုင်းလေးနဲ. ကောင်မလေးကို ကောင်လေးခမျာ တိတ် တခိုးလေး ချစ်နေမိတယ် .....။
                              ရင်ခုန်တတ်စ ဆယ်တန်းကျောင်းသားဘဝ မှာ ကောင်လေးဟာ ကောင်မလေးကို ရူးသွပ်နေ မိတယ် ညဆိုလဲ စာမကျက်နှိင် guide ရောက်လို.လဲ သူများနည်းတူ စာမပြန်နှိင် ဆရာမကလဲ အမြဲတမ်းဆူ ဆရာမက အမြဲတမ်း မခံချင်စိတ်နဲ. စာကျက်အောင် လုပ်တယ် ဘယ်သူတွေကဘယ်လို မင်းဒီလိုပဲ သွားမှာလားလုပ်နေတော.မှာလား စာမေးပွဲကျရင် ဘယ်လိုလုပ်မလဲပေါ. ......။
                                တနေ. ကောင်လေး guide ကို ကောင်မလေး လာအပ်တယ် သူမိဘတွေလဲပါတယ် ...ပျော်လိုက်တာဖြစ်ချင်း ကောင်လေးခမျာ ထခုန်မတတ်ပါပဲ အဲ.လိုနဲ.ပဲကောင်လေး လဲ စာပြန်လုပ်လာတယ် ဘာလို.ဆိုတော. ကောင်မလေး နဲ.နီးနေတာကိုး စာတွေပြန်လုပ်လာတော. ဆရာမလဲ စိတ်ချမ်းသာလာတယ် သူများနည်းတူ စာတွေပြန်လုပ်လာတာပေါ.   .......။
                                တခါမှမချစ်ဘူး တဲ.ကောင်လေးဟာ  ကောင်မလေးကိုပြောဖို.လဲ မရဲ ချစ်တာလဲ ရူးသွပ်နေမိတယ်  ကောင်လေးချစ်တာကိုသိနေတဲ. ကောင်လေးရဲ.သူငယ်ချင်းဟာ ကောင်မလေး နဲ.နီးစပ် ဖို. ကူညီပေးတယ် အဲ.လိုနဲ.ပဲ ကောင်မလေး သူငယ်ချင်းတွေပါ သိကုန်တော. အကုန်ဝိုင်း ပြီး နီးစပ်အောင် အောင်သွယ် ပေးကြတယ် ရိုးသားပြီး ဖြူစင်တဲ. ကောင်လေးရဲ.အချစ်ကို ကောင်မလေးသိလိုက်တဲ.အချိန်မှာ ညင်း စရာမရှိတဲ. လူချစ်လူခင်ပေါတဲ. ကောင်လေးရဲ. ရိုးသားတဲ.စိတ်ဓာတ် ကြိုးစားတဲ.စိတ် ကြောင်. တခါမှ ရည်းစားမရှိဘူးတဲ. ကောင်မလေးဟာလည်း တခါမှ မချစ်ဘူးသေးတဲ. ကောင်လေးရဲ. ရူးသွပ်တဲ.အချစ်ကို နားလည် လိုက်တယ် ......။
                                  ဒီလိုနဲ.ပဲသူတို.တတွေ ချစ်သူတွေ ဖြစ်လာခဲ.တယ် ချစ်တာမှ ကောင်မလေးကလဲ တခြားကောင်မလေး တယောက် ကောင်လေးနားမှာ စာကျက်တာပဲဖြစ်ဖြစ် လာထိုင်တာပဲဖြစ်ဖြစ် မကြိုက်ဘူး ကောင်လေးကလည်း ကောင်မလေးကို တခြားကောင်လေး ကစတာနောက်တာ လုံးဝမကြိုက် အတန်းထဲမှာ သူတို.လောက်ချစ်တာ မရှိ ....အဲံ.ဒီလောက်ထိချစ်ကြတာ...။
                                   တနေ. သူတို. guide ကဆရာတွေ ဆရာမတွေ မသိအောင် အိမ်က မိဘတွေလဲမသိအောင် ခိုးပြီး ဘုရားသွားတယ် ပြိးတော. ဆုတောင်းကြတယ် ကောင်လေးက ကောင်မလေး နဲ. အတူ ထာဝရရှိနေဖို. ချစ်ဖို. ဘယ်တော.မှလမ်းမခွဲကြေး ရယ် ဒီဆယ်တန်း ကို ဂုဏ်ထူးတွေနဲ. အောင်မြင်ဖို.ရယ် နောက်ပြီး သေရင်တောင်မှ အတူ သေမယ် အဲ.ဒီလောက်ထိရူးသွပ်စာနဲ.ပဲ ဆုတောင်းခဲ.ကြတယ် ကောင်မလေးလဲ ထိုနည်းတူပဲ ဆုတောင်းခဲ.ကြတယ် .......။
                                    ဒီလိုနဲ.ပဲ  ဆယ်တန်း ဆိုတဲ. စာမေးပွဲကြီး နီးလာပြီ ကောင်လေးက ကောင်မလေးကိုမေးတယ် ကောင်မလေး နင် ဂုဏ်ထူးတွေနဲ.အောင်ရင် ဘာလုပ်မလဲပေါ. ကောင်မလေးက ဆရာဝန်ကြီးလုပ်မယ်ပေါ. ......ဒါနဲ.ကောင်မလေးကလဲ နင်ရော ဆယ်တန်းအောင်ရင်ဘာလုပ်မလဲပေါ.  ကောင်လေးက ငါလား ငါက စစ်ဗိုလ် ကြီးလုပ်မယ် နင်ကဆရာဝန်ကြီး ငါက စစ်ဗိုလ် ကြီး ဘယ်လောက်လိုက်ဖက်သလဲ သူတို. ရဲ. စိတ်ကူးတွေကိုပြောရင်း တယောက်လက် တယောက်ကိုင်က ဆုတောင်းလိုက်ကြတယ် ဖြစ်ပါစေလို.ပေါ.  ရယ်မော ပျော်ရွင်စွာနဲ. အဲ.နေ.လေးဟာ သူတို. ၂ ယောက် အတွက် တန်ဖိုး မဖြတ်နှိင်တဲ.နေ.လေးပေါ.  .......။
                                    ဆယ်တန်းစာမေးပွဲကြီး စပါပြီ  ကောင်မလေး က ကောင်လေးကို လက်မထောင်ပြလိုက်တယ် နင်သေချာဖြေနော် တဲ.  ကောင်လေးက စိတ်ချပါ ကောင်မလေး ပေါ. ပြုံး လျက် လက်မထောင်ပြလိုက်တယ် .....ဒီလိုနဲ. ဖြေလာလိုက်တာ စာမေးပွဲတွေ ပြီးသွားတော. ကောင်လေးက ငါတော. အောင်ယုံ ဖြစ်မှာပါ နင်ရော နင်ကတော. ဂုဏ်ထူးတွေ အများကြီးပါမှာပါ ငါယုံကြည်ပါတယ် ကောင်မလေးက  အင်း ငါ ၅ ခုလောက်ပါမယ်ထင်တယ် ငါတို. ရည်မှန်း ချက်တွေ အောင်မြင်မှာပါ နော် ကောင်လေးက ပြောတော. ကောင်မလေးက ဘာလို. မအောင်မြင်ရမှာလဲ ယုံကြည် တယ် ငါတို.အောင်မြင်ရမယ် ......။
                                    ဒီလိုနဲ.အောင်စာရင်း ထွက် မယ.်ရက် ကို ရင်ခုန်စွာနဲ. စောင်မျော် နေကြတယ် ......ဒီလိုနဲ.ပဲအောင်စာရင်း ထွက်မယ်. ရက်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတယ် အောင်စာရင်း ထွက်မယ်.နေ.မှာ ကောင်မလေးက သူ မကြည်.ရဲလို. ဆိုပြီး ကောင်လေးကိုကြည်.ခဲ.ပါပေါ. အဲ.နေ.မှာပဲ အောင်စာရင်းထွက်တော. ထင်တဲ.အတိုင်းပဲ ကောင်မလေး က ဒီ ၅ ခုပါတယ် ကောင်လေးက တခုနဲ. အောင်မြင် ခဲ.တယ် .....။
                                     ကောင်လေးဟာပျော်လွန်းလို. ဆိုင်ကယ်ကို လီဗာ အကုန် ဆွဲပြီး ကောင်မလေးကို ပြောရန် အမြန်မောင်းလာတယ် အဲ.အချိန်မှာပဲ ခွေးတကောင်က ဖြတ်အပြေးမှာ ဆိုင်ကယ်ဟာ အရှိန်မ ထိန်းနှိင်ပဲ လမ်းဘေး က ချောက်ထဲ ကျသွားတယ်  ကောင်လေးဟာ အဲ.ဒီနေရာမှာပဲ ပွဲချင်းပြီး သေသွားတယ် ဒီသတင်း ကို ကောင်မလေးသူငယ်ချင်းတွေက ကောင်မလေးဆီအ မြန် သွားပြောတော. ကောင်မလေးမှာ မျက်ရေတွေ ကျရင်း စက်ဘီးကို ထုတ်ပြီးသူငယ်ချင်း  တွေ တားတဲ.ကြားက အမြန် နင်းပြီး ထွက် လာတယ် မိုးတွေကလဲ အဲ.မနက် မှာသဲကြီးမဲကြီး ရွာလို.ပေါ. မိုးတွေသဲကြီးမဲကြီးရွာနေချိန်မှာ ကောင်မလေးဟာ ထီးမပါပဲ စက်ဘီး နင်းပြီး အမြန် ထွက်လာတယ် .......။
                                    " ဝုန်း" ကနဲမြည်သံ နဲ. အတူ လမ်းကွေ.ချိုး ကထွက်လာတဲ. ကားကလဲ မိုးအရမ်းရွာနေတဲ. သဲသဲကွဲကွဲ မမြင် ရတဲ.အချိန်နဲ. ကောင်မလေးစက်ဘီးကို တိုက်မိသွားတယ် ကောင်မလေးနဲ. လမ်းကွန်ကရစ်နဲ. ခေါင်းနဲ.ပြန်ရိုက်မိတာ အဲ.ဒီနေရာမှာပဲ ပွဲချင်းပြီးသေသွားရှာတယ်........။
                                     အော်.........................အခုတော. ကောင်မလေးနဲ.ကောင်လေးရဲ.ရည်မှန်းချက် တွေ ဖြစ်လာနှီိင်ပေမယ်. လည်း သူတို.ရဲ. ရည်မှန်းချက်တွေ ချစ်ခြင်းတွေ ဟာ တခဏ အတွင်းမှာ မိုး  နဲ.အတူ ရေတွေထဲမှာပဲ သူတို.ဆုတောင်းလေးအတိုင်း  သေလဲအတူတူသေရအောင် ဆိုတာ ပြည်.သွားလေသလား ?????  ထာဝရပြီးဆုံး သွားရှာလေပြီ........။


                                    ဒီပို.စ်လေးကို ဘာရယ်မဟုတ်ဘူး ညီမ နှင်းဆီ ဖြူ tag ချက်ရယ်ကြောင်. အကြိုက်ဆုံး ရာသီ ဆိုတာနဲ. စာလဲမရေးဖြစ်တာနဲ. စိတ်ကူးထဲပေါလာတဲ. ဇာတ်လမ်းလေး တပုဒ်ပါ ......အကြိုက်ဆုံးကတော. မိုး ....လွမ်းစရာကတော. ဆောင်းတွင်း မနက်ခင်း လေးမှာ ချမ်းချမ်း လေးနဲ. မေမေနဲ. အတူတူ အိပ်ရတာကို အရမ်းလွမ်းတယ်  ဒါပေမယ်. စလုံးက ဆောင်းရာသီမရှိတော. ခံသာသေးတယ်  ....။ ကဲ ညီမ နှင်းဆီဖြူရေ ကျေနပ်မှာပါ ...

Thursday, July 1, 2010

ဒသန မဟုတ်တဲ. ကျွန်တော်ရဲ. အတွေးစိတ်ကူး... (၁)

                       ဒီနေ.အလုပ်လဲနဲနဲပါးတာ နဲ.ထိုင်နေရင်း ဟိုတွေးဒီတွေးပေါ. ဘာလဲဆိုတော. တနေ.တနေ. အလုပ်သွားအလုပ်ပြန် စဉ်းစားကြည်.တော. မွန်းကျပ်လာတယ် ..မနက်ဆိုလဲမထချင်ပဲနေလို..မရ ဘဝပေးတာဝန်အရ အိပ်ကောင်းလဲမအိပ်ရပါလားပေါ.နော်  တော်တော်လေးညဉ်းမွေ.တယ် အရင်ဆိုအိမ်မှာ နေဖင်ထိုးအောင် အိပ်လဲအကြောင်းမရှိ စားစရာအသင်.  ပြီးပြည်.စုံနေတာပဲ .....                               
                        မိဘနဲ.လဲအတူ ကျွန်တော်ချစ်သောမေကြီးလဲရှိ လိုချင်တာရှိရင် ကပ်ပြီး ချွဲ အော် ....အခုတော. အားလုံးနဲ.ဆန်.ကျင်.ဘက်တွေပါလား .....ပျော်ရာမှာမနေ တော်ရာနေဆိုသလိုပေါ. ကိုယ်.ရည်မှန်းချက် ပန်းတိုင် ကိုယ်လျောက်လှမ်းနေကြရတာပဲလေ....။
                        လူတိုင်းချမ်းသာချင်ကြတာပဲ မချမ်းသာချင်ဘူးဆိုတာရှိလား မရှိပါဘူး အပြောပဲရှိတာပါ..တကယ်လက်တွေ.မှာ ဘယ်သူ.မှ အဲ.လိုမရှိပါဘူး  ဦးမျိုးကျော.မြိုင်ဆိုသလိုပေါ. လူဖြစ်ရတဲ. ဒုက္ခ ဆိုတာဒါဘာပဲ ...အချစ် မေတ္တာ သံယောဇဉ် အကြင်နာ ဂရုနာ ချမ်းသာချင်တာ အောင်မြင်ချင်တာ ကျော်ကြားချင်တာ အားလုံးစုံလို.ပါပဲ ဒါတွေဟာ လူဖြစ်ရတဲ. ဒုက္ခတွေပေါ. လူရယ်လို.ဖြစ်လာမှတော. ဘယ်သူမှရှောင်လွဲလို.မရပါဘူး ....။
                          တည်.တည်.ကို ရင်ဆိုင်ရမယ်. ကိစ္စတွေပါပဲ ကျွန်တော်လဲ ထိုဒုက္ခတွေနဲ. ရင်ဆိုင်နေရတဲ.လူသားတစ်ဦးပါပဲ  ချမ်းသာချင်တော. နှိင်ငံခြားထွက် တော်ရာမှာနေရမယ်လေ မြန်မာပြည်မှာသာဆို ဘာမှလုပ်ဖြစ်မှာမဟုတ်ဘူး ပြီးတော. ကျွန်တော်ရည်မှန်းချက်တွေကလဲ နှိင်ငံခြားမှာပဲရှိတာကိုး ....။
                            ဒီမလာခင် ကျောင်းပြီး အစိုးရ ဝင်ထမ်းလုပ်ဖို. ဖေဖေက နှိုးဆော် မေမေ ကဖျက်တာနဲ. အခုတော. အဲ.တာတွေဟာ မလုပ်ဖြစ်ခဲ.တာ အမှန်ပဲ ကံကောင်းတယ်မှတ်ရမယ် ရယ်ဖို.လဲကောင်းတယ် "ဝန်ထမ်း."   လစာတပဲခြောက်ပြားနဲ. လာဘ်စားလာဘ်ယူ လုပ်မှ ပိုက်ဆံရ အဲ.လိုလုပ်တော. လူမုန်း မသထာရေစာ ဟားးး..။ ကျေးဇူးပါမေမေ .....
                            အဲ.ဒီဝန်ထမ်းသာလုပ်ဖြစ်မယ်ဆို ရေအိုင်ငယ်ထဲက ဖားသူငယ်လို ကမ္ဘာကြီးကဘာလဲဆိုတာမသိဖြစ်နေမှာ ဝန်ထမ်းဆိုတဲ.ဘောင်ထဲမှာပဲ နေတော. အိုတဲထိတိုင် အခုတော.ကံကောင်းတယ်မှတ်ရမယ် ကျွန်တော်လဲစိတ်ကူးမရှိပါဘူး မရှိပေမယ်. ယိမ်းယိုင်ခဲ.သေးတယ် အဲ.ဘက်ကို ဖေဖေ ရဲ.အဆွယ်ကောင်းမှု.ကြောင်.ပေါ. အရာရှိကြီး ဖြစ်ရမယ် ဘယ်လိုဘယ်ဝါ အခုတော.အမုန်းဆုံးက အဲ.တာတွေပေါ. .....။
                               အခုတော.ရာက်တဲ.နေရာမှာ ကိုယ်ဖြစ်ချင်တာတွေ ဖြစ်နေပြီလားဆိုတော. မဖြစ်သေးပါဘူး ၁၀ ပုံ မှ ၂ ပုံလောက်ပဲရှိသေးတယ် အများကြီးလိုအပ်သေးတယ် ဒီရောက်တော.တကယ် နောင်တရမိတယ် ငယ်ငယ်က စာကောင်းမွန်စွာ မကြိုးစားခဲ.လို သာမာန်ဘွဲ. တခုရ သိမ်လဲသိမ်ငယ်မိတယ် သူများတွေ IT  . ENGINEERING တွေနဲ. NUS . NTU . POLY တို.လို ကျောင်းတက်နေတဲ.လူတွေ တွေ.တော. တကယ် အရမ်းသိမ်ငယ်မိတယ် ကိုယ်မှမကြိုးစား ခဲ.တာပဲလေ ငယ်ငယ်က စာကျက်ပါဆိုတော. မကျက်ပဲနဲ. ဒီလောက်လုပ်တော.ဒီလောက်ပဲရမှာပေါ. ဆိုပြီး ကိုဘာသာပြန်တွေးရင်းဖြေသိမ်. ရတယ်.......။
                              ဒါပေမယ်. ကျွန်တော်စဉ်စားမိတယ် ပညာမတတ်ပဲ ချမ်းသာနေတဲ.လူတွေလဲ တပုံကြီးပါလားပေါ. ဥပမာအနေနဲ. ကျွန်တော်.အဒေါပဲ ကြည်. ကြွားတာမဟုတ်ပါဘူး ကြုံတုန်း ကျွန်တော်.ရဲ.အရင်နှီးဆုံး လူတစ်ဦးအနေနဲ. ပြောပြတာပါ သူဆို သူတို.ခေတ်က နှီင်ငံရေးအခြေအနေကြောင်. ကျောင်းမတတ်ရပဲ လျောက်ပြေးနေရတာ ၄တန်းအောင် အဲ.တာပဲရှိတာပါ သူဆို အခုအိမ်မှာ ကား ၅ စီးရှိတယ် အလုပ်က သူပဲလုပ်တာအရာရာကိုသူပဲ ကိုင်တယ် သူယူတဲ.ယောက်ျားက အိမ်မှာ ထိုင်စားထမင်းချက် ကျွန်တော်.အဒေါက ဘဝကို ပိုက်ဆံ ၆၀၀၀ နဲ.စခဲ.တာပါ .....။
                              အလုပ်နဲ.ပတ်သတ်လို.လဲဘာမှမသိခဲ.ဘူး ကျွန်ေတာ်ဖေဖေက သင်ပေးတယ် အဒေါကိုယ်တိုင်ကလဲ ပြတ်တယ် အရာရာကို ဆွေမျိုး တွေကိုကအစ အဲ.လို စာရင်းဇယားကတော.နှိင်သလားမမေးနဲ. အဒေါကမေမေ အောက်ပါ မေမေကအကြီးဆုံး သူ.မှာ စာရင်းစာအုပ်ကအနည်းဆုံး ၁၂ အုပ်လောက်ရှိတယ် ဒါပေမယ်. သူတတ်တာက ၄တန်းအောင် လက်ရှိ သူရှိတဲ.ငွေကြေး နဲ. သူ.ပညာအရည်အချင်းနဲ. ဆိုင်လားဆိုရင် တခြားစီပဲ ကံကောင်းလို. ချမ်းသာတာလို.ပြောရင် ကံကိုယုံပြီး ဆူးပုံနင်းရင် မဆူုးပဲနေမလား မဆိုင်ပါဘူး .....။
                               လူတွေမှာမွေးကတည်းက ခေါင်းတလုံး လက်နှစ်ဘက် ခြေနှစ်ချောင်း ဘုရား က ဖန်ဆင်းပေးပြီးသားပါ လူတိုင်းမှာကြိုးစားနှိင်.ခွင်.ရှိတယ် ဒုက္ခိတ ကလွဲလို.ပေါ. ဒုက္ခိတ တောင်မှ အခုကျွန်တော်နေတဲ. အိမ်ဘေးက ဦးလေးကြီးဆို မျက်စိမမြင်ဘူးနော် ဒါပေမယ်. သူ.ကိုဘယ်သူမှ လိုက်ထိန်းပေးစရာမလိုဘူး လမ်းလျောက်တာမှ လူကောင်းတဦးပဲ တောက်တောက် နဲ.ကို လျောက်နေတာ ကားပါစီးသေးတာ ဒုတ်တချောင်းတော.ပါတယ် အဲ.တာနေ.တိုင်း အပြင်ထွက်တာနော် ဘယ်သွားတာလဲမသိဘူး .......။
                                အဲ.တော.ဒုက္ခိတ လို မျက်စိမမြင်တဲ. လူတစ်ဦးတောင် သူ.ဘဝသူအရှံး မပေးဘဲ နေတိုင်း ကို အပြင်ထွက်နေတယ် စိတ်ဓာတ်မကျ ဘူး လူကောင်းအတိုင်း နေတယ်  အာာာာာာာာာာ.....ငါ မျက်စီမမြင်ပါဘူး ဆိုပြီးအိမ်ထဲမှာပဲမနေဘူး စကာင်္ပူလို ကားတွေလူုတွေရှုပ် တဲ.နှိင်ငံမှာ သူဟာ ဘာမှမကြောက်ပဲ လျောက်သွားနှိင်တယ် နေ.တိုင်း ဒါဟာ သူ.ရဲ.လုပ်နှိင်စွမ်းလေ သူကို.အလုပ်ခန်.ပြီး ခိုင်းမယ်ဆိုတာတော.မဖြစ်နှိင်ဘူးလေ သူသွားနေတာလူကောင်းတစ်ဦးလိုဆိုတာ တကယ်ကိုချီးကျူး အတုယူစရာပါ အတုယူတတ်မယ်ဆို တကယ်အားတတ်စရာပါ ကိုယ်တွေ လူကောင်းတယောက် ကဘာလို.မဖြစ်နှိင်ဘူးဆိုတာရှိရမှာလဲ.......။
                                လူတိုင်းမှာအခွင်.အရေးတွေရှိနေတယ်လို. ကျွန်တော်ယုံကြည်တယ် အဲ.ဒီအခွင်.အရေးတွေကို မသိနားမလည် အသုံးချရမှန်းမသိ တထွာလောက်ပဲကြည်.ပြီး ဟိုးအဝေးကိုလှမ်းမမြင်တဲ. အမြင်ဆိုရင်တော. လူ.ဘဝဟာ အဆုံးရှုးံ ကြီး ဆုံးရှုးံ မယ်လို.မြင်မိတယ် လူတွေ တချို.က ငါဟာပညာမတတ်လို. ဆင်းရဲတာ ငါဟာငါ.မိဘ မျိုးရိုးဟာ ဆင်းရဲလို.ဆင်းရဲနေတာ ငါလဲဆင်းရဲတာ ဘာထူးမှာလဲ ဆင်းရဲမှာပေါ. ဆိုရင် အဲ.လိုပဲခံယူနေမလား ငါဟာ ကြိုးစားရမယ် ဘယ်လောက်ဆင်းရဲခဲ. ပညာမတတ်လို.ပဲဖြစ်ဖြစ် မိဘ အသိုင်းအဝိုင်းကမချမ်းသာလို.ပဲဖြစ်ဖြစ် ကိုမလုပ်ရင်ဘာမှ မဖြစ်လာပါဘူး......။
                                လူတိုင်းမှာ တွေးဆ ဖို. ဦးဏှောက် လုပ်ဖို.အတွက် လက်တွေရှိနေ သမျှ သင် မအိုသေးသမျှ အခွင်.အရေးတွေရှိနေတယ် လို.ထင်ပါတယ်  ......မအိုသေးသမျှဆိုလို. စလုံးလိုချမ်းသာတဲ.နှိင်ငံမှာတောင် အဖွားကြီးတွေဆို အချိုရည်ဗူး ခွံတွေကောက် စက္ကူ ဗုံးခွံတွေ ကိုလွှင်.ပစ်မယ်. နေရာမှနေ.တိုင်း စောင်. ကောက်လေ.ရှိတယ် သူတို.အတွက် ဒီငွေဟာ ဒီနေရာက နည်းနည်း ၂ဒေါလာလောက်ပဲဖြစ်ဖြစ် အဲ.လိုနေရာ ၅နေရာလောက်ကို သူစောင်.ဆိုင်းကောက်နှိင်တယ်ဆို ဒေါလာ၁၀ ဆို သူဟာ တနေ. စာလောက် ဈေးဖိုးကို သက်သက်သာသာ နဲ.ရနှိင်တယ်လေ ပြောချင်တာက အဲ.လိုသက်ကြီးရွယ်အို တွေတောင်မှ မနေ ငါအိုပြီပဲ ဆိုပြီးမနေဘူး ကျွန်တော်တို.လူငယ် လူရွယ်  စွမ်းအင်အပြည်. အားအင်အပြည်နဲ. ကြိုစားနှိင်တဲ.အချိန်မှာ အကောင်းဆုံးဖြစ်နှိင်အောင်ကြိုးစားရမယ်လို. ယုံကြည်ထားတယ်....မြင်မိတယ်အဲ.လို......။
                               အသက်တွေက လူကိုမစောင်.တာတော.သေချာတယ် ကျွန်တော်လဲအခု ၂၄ ထဲမှာ အတတ်နှိင်ဆုံးနဲ.အကောင်ဆုံးကိုတော. တွေးတော ကြံဆ လုပ်ဆောင်နေတယ် အသက်တွေကြီးမှဆို လုပ်ဆောင်ဖို.အခွင်.အရေးက ၅၀ % လောက်လျော.ကျလာပြီလေ......။
                                နောက်ပြီး လူတယောက် ရဲ.အသုံးစရိတ်ကို အဝင်အထွက်ကို စာအုပ်နဲ.မမှတ်တောင် အတွေးထဲမှာရှိသင်.တယ်လို.ထင်တယ် စာရင်းဇယားမရှိ တဲ.လူတယောက်က အနားကွတ်မရှိတဲ. ဖျာလို.မြင်မိတယ် အနားမရှိမှတော. တစတစထွက်ကုန်တော.မှာပေါ.  ကျွန်တော်ရဲ.အမြင်ပါ ....။
                                  



                                                          စာဖတ်သူ အရှည်ကြီးဖတ်ရင် ပျင်းလာမှာဆိုးလို. အပိုင်းနဲ.ရေးမယ်လို.စိတ်ကူးလိုက်တယ် ဒါကြောင်. ကျွန်တော်၏ စိတ်ကူးအမြင်လေးများကို မှားသည် မှန်သည်ဝေဖန်အကြံပေးပါဦးလို. မှားတာများလဲရှိရင် ခွင်.လွတ်ပေးပါရန် နှင်. ကျွန်တော်၏ အသက်အရွယ်နှင်. မရင်.ကျက်သေးတာလဲ ပါရင်လဲပါမှာပေါ.နော် သိသမျလေးကို စာမေ၇းတတ် ရေးတတ်နှင်.ေ၇းလိုက်ပါကြောင်းပါ  အပိုင်း ( ၂ ) အတွက် ဆက်ရေး ရန် အားအင်လေးများပေးမယ်ဆိုရင်ဝမ်းသာမိမှာပါပဲ.....ပျော်ရွင်ပါစေ မိတ်ဆွေအပေါင်း ......