RSS
1.

Wednesday, June 30, 2010

ချစ်သူက ကိုယ့်ကို ပိုချစ်အောင် ဘယ်လိုလုပ်မလဲ

  •                                    ၁. ။Give time .. အချိန်ပေးပါ ကိုယ်ချစ်တဲ့သူကို ကိုယ့်ရဲ့ အချိန်တွေထဲက မျှပေးဖို့ပါပဲ ၊ အတူရှိနေနိုင်ရင်လဲ ရှိနေပေါ့ ၊ ရှိမနေနိုင်ရင်လည်း ဘယ်အချိန်မှာ လိုအပ်မလဲ၊ သူလိုအပ်တဲ့ အချိန်မှာ ကိုယ်က အချိန်လေးပေးနိုင်ဖို့ ကြိုးစားသင့်ပါတယ် ။ ချစ်သူတွေရဲ့ ကြားမှာ အချိန်မပေး နိုင်ခြင်းဟာလဲ ပြဿနာတစ်ခုပါ ၊ ဒါကြောင့် အချစ်ကို ပေးဖို့ ဆိုရင် အချိန်ကိုလဲ ပေးသင့်တယ် ဆိုတဲ့ အချက်ကို သိထားသင့်ပါတယ် ။                                                                                                                                                                                            ၂.။ Give caring … ဂရုစိုက်မှုပေးပါ ကိုယ့်ချစ်သူကို ဂရုတစိုက် ရှိရမှာဖြစ်ပါတယ် ၊ ကိုယ်ချစ်တဲ့သူကဂရုတစိုက် ရှိနေစေချင်တာ သဘာဝပါပဲ ၊ ဒါပေမယ့် လက်တွေ့မှာတော့ အမှတ်တမဲ့ဖာသိဖာသာ ဖြစ်နေတတ်ပါတယ် ၊ အထူးသဖြင့် သူရဲ့ ခံစားချက်တွေကို ဂရုစိုက်ပြီး နားလည်ပေးဖို့ပါပဲ ။                                                                                                                ၃.။ Give help … အကူအညီပေးပါ ကိုယ့်ချစ်သူကို ကိုယ်ပေးနိုင်တဲ့ အကူအညီလေးတွေ ပေးဖို့ပါ ၊အသေးအမွှားလေးတွေပဲ ဖြစ်ဖြစ်ပေါ့ ၊ စိတ်ခံစားမှု ပိုင်းဆိုင်ရာမှာတော့ထိရောက်ပါတယ် ၊ ကြင်နာမှု ကို ပြရာရောက်သလိုပဲ သူ့အတွက် ကြည်နူးပီတိဖြစ်ရပါတယ်                                                                                                                                                     ၄.။ Give understanding and be happy နားလည်မှု ပေးပြီး ပျော်ရွှင်ပါစေ ကိုယ်ချစ်သူကို နားလည်မှု ပေးပြီး ချစ်ပါ ၊ ချစ်တဲ့ နေရာမှာ ကိုယ့်ချစ်သူဟာ လွပ်လပ်မှု ရှိစေဖို့ ဘောင်တွေ ကန့်သတ်ချက်တွေကို ကျယ်ကျယ်လေးထားပေးပါ ၊ စည်းမျဉ်း ကန့်သတ်ချက်တွေက သိပ်ပြီးကျဉ်းကျပ်နေရင် အချစ်ခံရတဲ့ သူဟာ လွပ်လပ်မှု မရှိတဲ့ အတွက် အပြည့်အ၀ပျော်ရွှင်နိုင်မှာ မဟုတ်သလို တခါတရံ မှာ စိတ်တောင် ညစ်သွားစေပါလိမ့်မယ် ။                                                                                               ၅..။Give respect လေးစားမှု ပေးပါ ကိုယ့်ချစ်သူဟာ ဘယ်လိုအခြေအနေ အဆင့်အတန်း မှာ ဖြစ်စေ ကိုယ်က ချစ်ပြီဆိုရင်တော့ လေးစားမှုလေး ပေးပါ ၊ ကိုယ်က အရမ်း လွှမ်းမိုးနေတာမျိုးမလုပ်ပဲ နဲ့ သူတည်ရှိနေမှုနဲ့ သူ့ရဲ့ အနေအထားလေးကို လည်း အသိအမှတ် ပြု ပေးပါ ၊                                                                                                                                                                                         ၆.။ Give attention ( Pay attention to details ) … အာရုံစူးစိုက်မှုပေးပါ ကိုယ်ချစ်သူဟာ ဘာကို နှစ်သက်တယ် ဘာကို မနှစ်သက်ဘူး စတဲ့ အသေးစိတ်အချက်အလက် လေးတွေက စပြီး သိထားပါ ၊ အာရုံစူးစိုက်ပြီး မှတ်သားပါ ၊သူကြိုက်တာကို လုပ်ပြီး မကြိုက်တာကို မလုပ်ပါနဲ့                                                                                                                                                                                  ၇.။ Give gifts …. လက်ဆောင်လေးတွေ ပေးပါ တခါတရံ မှာတော့ လက်ဆောင်လေးတွေ ပေးတာဟာလဲ အချစ်ကို ပြသရာ ရောက်ပါတယ် ၊သတိရ ခြင်းရဲ့ အထိန်းအမှတ် အဖြစ်ပေါ့ ၊ လက်ဆောင်သေးသေးလေးတွေပဲ ဖြစ်ပါစေတန်ဘိုးထား တတ်ကြပါတယ် ။ အရာဝတ္ထု တိုင်းမှာ တန်ဘိုး နှစ်မျိုး ရှိကြပါတယ် ၊ အဲဒါတွေကတော့ materialvalue နဲ့ sentimental value တို့ပါပဲ ၊ material value က ပစ္စည်းရဲ့ မူလတန်ဘိုး ဖြစ်ပြီးတော့ sentimental value ကတော့ အဲဒီပစ္စည်း အပေါ်မှာ ခံစားတဲ့ သူ့ကြောင့် ဖြစ်ပေါ်လာတဲ့ ခံစားချက်ရဲ့ တန်ဘိုးပါ ။ချစ်သူက ထီးလေး တစ်လက်ကို လက်ဆောင်းပေးတယ် ဆိုပါစို့၊ နေပူထဲသွားလို့အဲဒီ ထီးလေးကို ဆောင်းတဲ့ အခါမှ ပိုပြီး အေးတယ်လို့ ခံစားရကောင်းရနိုင်ပါတယ် ၊ ချစ်သူရဲ့ အမှတ်တရ ဖြစ်မှု ၊ ချစ်သူရဲ့ အမှတ်သင်္ကေတ ၊ချစ်သူရဲ့ စေတနာ စတဲ့.. စတဲ့ ခံစားရခြင်းတွေ ပူးပေါင်းပါဝင်နေတာမို့ အဲဒီထီးလေးကို … ရောင်းတဲ့ ဆိုင်ပေါ်ကအလားတူ ထီးတစ်လက် ထက်တော့ ပိုတန်ဘိုးထား ပါလိမ့်မယ် ၊ အဲဒီသဘောပါပဲ ။ဒါကြောင့်မို့ ကိုယ့်အတွက် မပင်ပန်းစေမယ့် လက်ဆောင်လေးတွေ ပေးသင့်ပါတယ်                                                                                                                                                                         ၈.။ Communication ဆက်သွယ်ပြောဆိုပါ လူအချင်းချင်း ဆက်ဆံတဲ့ နေရာ မှာတောင် ပြောဆို ဆက်ဆံရေးဟာ အရေးကြီးပါတယ်၊ ကိုယ့်ချစ်သူကို ကျတော့ ကိုယ်က ချစ်တဲ့ အကြောင်း ၊ သူဟာ ကိုယ့်အတွက်လိုအပ်တယ် ဆိုတဲ့ အကြောင်း စတာတွေကို ပြောပေးရမှာ ဖြစ်ပါတယ် ၊တချို့သူများဟာ ချစ်တယ်ဆိုတဲ့ စကားကို ထပ်ခါ ထပ်ခါ ကြားချင်သလို သေချာစေချင်တဲ့ အတွက် မေးလဲ မေးလေ့ ရှိပါတယ် ၊ တစ်ယောက်နဲ့ တစ်ယောက်ကတော့ပုံစံချင်းမတူဘူးပေါ့ ၊ ကိုယ့်ချစ်သူရဲ့ ဆန္ဒကို လိုက်ပြီးကိုယ်ခံစားချက်ကို သိအောင် ပြောပေးရမှာ ဖြစ်ပါတယ် ၊ အပိုတွေကို ညာဖြီးအာရွှီးဖို့ ပြောတာ မဟုတ်ပါဘူး ၊ ချစ်တဲ့ အကြောင်းကို ပြောဖို့လဲလိုအပ်တယ် ဆိုတဲ့ အချက်ကလေးကို စားရင်းတို့ ပေးလိုက်တာပါပဲ ။                                                                                                                                                                                                              ၉။.faithful-သစ်စာရှိပါ လောကမှာ ဘယ်ယောက်ျားလေး၊မိန်းကလေးမဆို ဆန့်ကျင်ဘက်ချောတဲ့ ကောင်လေး၊ကောငိမလေးတွေတွေ့ရင် စိတ်ထဲက ဘာရယ်မဟုတ်တောင် လိုက်ကြည့်မိတတ်ကြပါတယ်..၊ဒါပေမယ့်ဒီလို အပြုအမူမျိုးကို ကိုယ်ချစ်တဲ့သူဘေးမှာ ရှိနေရင် မလုပ်သငိ့ပါဘူး။ဒါဟာ ကိုယ့်ချစ်သူကို မလေးစားရာ ရောက်သလို သူ့ရဲ့ အထင်သေးမှုကိုလည်း ရရှိသွားတတ်ပါတယ်…ဘယ်သူမဆို ကိုယ့်ချစ်သူက ကိုယ့်ကိုဘဲ ကြည့်စေချင်၊ချစ်စေချင်တာလေ…ဒီလိုဘာမဟုတ်တဲ့ အသေးအဖွဲတွေကလည်း ချစ်သူတွေကြားမှာ ဆူးနှောင့်လေး ဖြစ်တတ်တာမို့ ထည့်ရေးပေးလိုက်တာပါ..ဒီလို အသေးအဖွဲ ကြည့်တာလေးတောင် ရှော့ရှိနိုင်ရင် ကိစ်စအကြီးကြီးတွေမှာ ပြသနာမဖြစ်ဖို့ သစ်စာရှိရမယ်ဆိုတာ ပြောဖို့ မလိုတော့ဘူး                                                                                                          ၁၀။.နားလည်မှုပေးပါ(မလိမ်မိပါစေနှင့်) ဆိုလိုချငိတာက ကိုယ်ဟာလူ၁ယောက်ကို ချစ်မိရင် ချစ်တယ်လို့မပြောခင် သူ့အတိတ်ကို လေ့လာပါ.. မလေ့လာရငိ တောင် ကိုယ့်အချစ်ကို သူ့ကိုဖွင့်ဟမပြောခငိ ကိုယ့်ကိုကိုယ် သေချာရဲ့လား သုံးသပ်ပါ။ သေချာလို့ ဖွင့်ပြောပြီးပြီ၊ ချစ်သူတွေ ဖြစ်ပြီးပြီဆိုရင်တော့ အတိတ်က ကိစ်စနဲ့ဘဲဖြစ်ဖြစ်၊လတ်တလော ကိစ်စနဲ့ဘဲ ဖြစ်ဖြစ် အထင်လွဲစရာ ပေါ်လာတဲ့အခါ ပွင့်ပွင့်လင်းလင်း မေးပါ။နားလည်မှု ပေးပါ… ကြားစကားဆိုတာ တစိတ်ကို တအိတ် လုပ်တတ်ကြပါ တယ်။ကြားလူတွေရဲ့ ပယောဂကြောင့် ဝေးသွားတဲ့ချစ်သူတွေ လောကကြီးမှာ အများကြီးပါ။မိမိက အမေးခံရသူဖြစ် နေရင်လည်း ချစ်သူက မေးတဲ့အခါ ပွင့်ပွင့်လင်းလင်း အမှန်အတိုင်းပြောလိုက်ပါ။မညာမိပါစေနှင့်။မိမိမှာ အမှားရှိခဲ့ရင် တောင် မည်သူမဆို ကိုယ့်ချစ်သူရဲ့အကြောင်းကို သူများပြောမှသိတာထက် ကိုယ်ချစ်သူကိုယ်တိုင် ဖွင့်ဟအသိပေး ထားတာဘဲ လိုချင်ကြတာပါ။အကောငိးဆုံးအကြံပေးချငိတာကတော့ ရငိးနှီးတဲ့အဆင့်မှာတင် ကိုယ့်အကြောင်း အားလုံး ပြောပြထားလိုက်ပါ။ ပြောထားပြီးပြီဆိုတော့ ကိုယ်လည်း လိပ်ပြာသန့်သလို သူကိုလည်း စဉ်းစားဖို့ပြောပြီးသားဖြစ်သွား တာပေါ့။ချစ်သူတွေ ဖြစ်ပြီးမှ ကွဲကွာတာထက်စာရင် မိတ်ဆွေ အဖြစ်နဲ့ တသက်လုံး ရင်းနှီးသွားတာကလည်း မင်္ဂလာ ၁ပါးပါဘဲ…                                                                               ၁၁။.Touching ထိတွေ့မှုတဲ့ ဒီအချက်က မြန်မာတော့ မဆန်ဘူး ၊ ဒါပေမယ့် ချန်ခဲ့ဖို့လဲ မကောင်းဘူး ၊ဒါကြောင့် အောက်ဆုံးနားမှာ ထားပြီး ထည့်ပေးလိုက်ပါတယ်။တခါတရံ အားငယ်နေတဲ့ အခါမျိုးမှာ တစုံတယောက်က လက်ကိုဖျစ်ညှစ်ဆုပ်ကိုင်ပြီး အားပေးစကား ပြောလာတဲ့ အခါ အားရှိသွားသလိုမျိုးခံစားရဖူးပါသလား ၊ ပုခုံးဖက်ပြီး ပေါင်းလာကြတဲ့ သူငယ်ချင်းတွေ ပါလို့ပြောကြတာ ကြားဖူးပါသလား ၊ နွေးထွေးမှု ရင်းနှီးမှု စတဲ့စိတ်ခံစားချက်တွေကို ခန္ဓာကိုယ်ရဲ့ ထိတွှေု့တွေကနေ တစ်ဆင့်ရရှိနိုင်ပါတယ် ။ နှလုံးကနေ ထုတ်လွှတ်တဲ့ စွမ်းအင်တွေကို ထိတွေ့မှုတွေကနေတစ်ဆင့် ကူးပြောင်း ရရှိနိုင်တဲ့ အကြောင်းတွေကို ဂျာနယ်ထဲမှာ ဖတ်ရှုဖူးပါတယ် ။ ဒါကြောင့်မို့ လက်ကလေးကို ဆုပ်ကိုင်တာ ၊ ပုခုံးကိုဖက်တာ ၊ လက်မောင်းကိုကိုင်တာ ၊ အကြင်နာပေးတာလေးတွေက အစပေါ့ ဒါလေးတွေကလဲ လိုအပ်ပါတယ် ။ အဓိက ကတော့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာထက် စိတ်ပိုင်းဆိုင်ရာ ကြင်နာမှု နွေးထွေးမှု စတဲ့ ခံစားရတာတွေကို ပြောချင်တာပါ ။                                                                                                                                       ဒီပို.စ်လေးကို ပေးပို.ပေးသော ကျွန်တော်၏ မိတ်ဆွေ အစ်မတယောက်ကိုကျေးဇူးတင်ပါတယ် ကျွန်တော်၏ မိတ်ဆွေဘလော.ဂါ ကိုကို မမ များလဲတစ်ဦးနှင်.တစ်ဦး နားလည်မှု. အပြည်.နှင်.ချစ်တတ်စေရန် ရည်ရွယ်ပြီး ပြန်လည်မျှဝေ လိုက်ကြောင်းပါ....ပျော်ရွင်စွာချစ်နှိင်ကြပါစေ...

Tuesday, June 22, 2010

အမျို.းသမီးများသည် တစ်ပတ်လျှင်သုံးနာရီမျှ ခပ်မြန်မြန် လမ်းလျေက်ခြင်းဖြင်.နှလုံးရောဂါ ဖြစ်နှိင်သည်. အန္တရာယ်မှ ၃၀-ရာခိုင်နှုန်းမှ ၄၀-ရာခိုင်နှုန်း အထိေ

အမျို.းသမီးများသည် တစ်ပတ်လျှင်သုံးနာရီမျှ ခပ်မြန်မြန် လမ်းလျေက်ခြင်းဖြင်.နှလုံးရောဂါ ဖြစ်နှိင်သည်. အန္တရာယ်မှ ၃၀-ရာခိုင်နှုန်းမှ ၄၀-ရာခိုင်နှုန်း အထိလျော.ချနှိင်ကြောင်း နယူးအင်္ဂလန် ဆေးဂျာနယ်တွင် ဖော်ပြထားသည်။

အကယ်လို. လမ်းလျောက်သည်.အချိန် ကိုတိုးမြှင်.မည် သို.မဟုတ် အထိုက်အလျောက် ပြင်းထန်သည်.လေ.ကျင်.ခန်း ကိုလုပ်မည်ဆိုပါက၊ လုပ်သည်နှင်.အမျှ အဆိုပါရောဂါဖြစ်နှိင်ခြေ ပိုမိုလျော.ပါးသွားမည်ဖြစ်သည် ဟု လေ.လာမှု.ကိုဦးဆောင်ပြုလုပ်သူ ဘရစ်ဟန်နှင်. ဘော.စတန်မြို. ၊အမျိုးသမီး ဆေးရုံမှ
ဒေါက်တာ ဂျိုအန်မင်ဆန် ( Dr.Jo Ann Mason) ကပြောပါသည်။
အမျိုးသမီးများသည် ပုံမှန်လမ်းလျောက် ခြင်းဖြင်.နှလုံးတိုက်ခိုက်မှု.ခံရမှု.အန္တရာယ် မှသိသာစွာ လျော.နည်းသွားကြောင်း လေ.လာမှု.အရသိရှိကြရသည်။
အမေရိကန်နှိင်ငံတွင် နှလုံးသွေးကြောနှင်. စပ်လျဉ်းသော ရောဂါများ ဖြစ်ပွားကြသူ သက်လတ်ပိုင်း အရွယ် အမျိုးသမီးအနက်၊ သုံးပုံတစ်ပုံ သည်ကိုယ်လက်လှုပ်ရှာှးမှု. မပြုလုပ်ကြသူများ ဖြစ်သည်ဟု မင်ဆန် (Dr.JoAnn Manson) နှင်. သူ၏အဖွဲ.က ခန်.မှန်းပြောဆိုသည်။
အသကိ၄၅-နှစ်နှင်.၆၄ -နှစ်ကြား ရှိ အမေရိကန်အမျိုးသမီး ၇၄,၀၀၀-ခန်.သည် နှစ်စဉ် နှလုံးတိုက်ခိုက်ခံရလျက်ရှိကြောင်း အမေရိကန် နှလုံးရောဂါ အသင်း၏ထုတ်ပြန် ချက်များအရသိရှိရသည်။
ဆရာဝန်များသည် လေ.ကျင်.ခန်းပြုလုပ်ခြင်းဖြင်.၊နှလူံးရောဂါ ဝေဒနာမှကင်းဝေးနှိင်ကြောင်း နှစ်ပေါင်းများစွာကပင် သိရှိခဲ.ကြပြီးဖြစ်သည်။ သို.သော်များစွာသော သုတေသန ပြုမှုတို.မှာ ယောကျာင်္းများအပေါတွင် အခြေခံ ခဲ.သည်။ ထို.ပြင် လမ်းလျောက် ခြင်းသည် လေ.ကျင်.ခန်း လုပ်မှုမျိုးကဲ.သို.အကျိုးရှိမရှိအပေါ ခွဲခြားစိတ်ဖြာခဲ.ခြငိး မရှိချေ၊
သို.ကြောင်. မင်ဆန် (Dr .Jo Ann Manson) နှင်.အဖွဲ.သည် ၁၉၇၆-ခုနှစ် မှစပြီး မှတ်ပုံတင်ထားသော အမျိုးသမီး သူနာပြုဆရာမပေါင်း ၁၂၁၀၀၀-၏ အချက်အလက် များအပေါ ကျန်းမာရေးလေ.လာမှု. ဟူသော အမည်ဖြင်. သုတေသန ပြုခဲ.ခြင်းဖြစ်သည်။
ယင်းလေ.လာမှု.အရ လေ.ကျင်.ခန်းပြုလုပ်သည်.အချိန်သည် အရေးကြီးကြောင်းတွေ.ရှိသည် အရေးကြီးကြောင်း တွေ.ရှိကြရသည်။
အကယ်လို. အမျိုးသမိးတစ်ဦးသည် တစ်ပတ်လျှင် သုံးနာရီအထိ၊ တစ်နာရီသုံးမိုင်နှုန်း လမ်းလျောက်မည်ဆိုလျှင် လေ.ကျင်.ခန်း မလုပ်သူများထက်နှလံုး တိုက်ခိုက် ခံရမှု.နှင်. သေဆုံးမှု ၃၀ရာခိုင်နှုန်းလျော.နည်းလျော.နည်းသွားကြောင်းတွေရှိရသည်.။
ထို.ပြင် အမျိုးသမီး တစ်ယောက်သည် တစ်ပတ်လျင် သုံးနာရီထက်ပိုပြီး လျှေက်မည် ဆိုလျင် နောက်ထပ် ငါးရာခိုင်နှုန်း ၊ ယင်း အန္တရာယ် မှလျော.ကျသွားကြောင်း တွေ.ရှိရသည်။
လမ်းလျောက်သည်. အမြန်နှုန်းမှာလည်းအရေးကြီးကြောင်းတွေရှိရသည်။ အမျိုးသမီး သည်သက်တောင်.သက်သာဖြင်.တစ်နာရီ လျင် နှစ်မိုင်နှုန်းထက် လျော.နည်းသော နှုန်းဖြင်.လျောက်ပါက၊ ၂၅ -ရာခိုင်နှုန်းအန္တရာယ်မှ လျော.နည်းပြီး၊ အကယ်လိုယ. ၃မိုင်နှုန်း သို.မဟုတ် ထိုထက်ပိုပါက ၃၆- ရာခိုက်နှုန်း လျော.နည်းသွားကြောင်း တွေ.ကြရသည်။
သုတေသီများ၏ ရှင်းလင်းချက်တွင် ခပ်မြန်မြန် လမ်းလျောက်ခြင်းနှင်.အင်အား ပိုသုံးရသော လေ.ကျင်.ခန်း ပြုလုပ်ခြင်းတို.၏ အကျိုးကျေးဇူး အရာတွင် တူညီမှုရှိမရှိ ကိုမှု ကွဲပြားစွာ ခွဲံခြားဖော်ပြခြင်းမရှိပေ။ ကျွန်တော်.တွင် စာရေးတဲ.အားနည်းချက်ရှိတာရယ်မအားတာရယ်ကြောင်. ဖတ်ဖြစ်သောစာအုပ် ကလေးများမှ ကျွန်တော်ဘလော.ရောက်ရှိကြသော မိတ်ဆွေများ ကျန်းမာစေခြင်း အလိုငှာ ဝေငှလိုက်ပါတယ် နောက်လဲ ကျန်းမာရေးနဲ. ပတ်သတ်တဲ.post လေးများတင်ဖြစ်အောင် လုပ်နေပါတယ် ပျော်ရွင်ချမ်းမြေ.ကြပါစေ ...

Thursday, June 17, 2010

အဖေ.ထက်သား တလကြီး

သားအဖနှစ်ယောက် တောင်ထိပ်ပေါ်သို့ ခဲရာခဲစစ် တက်လာခဲ့ကြသည် တောင်ထိပ်ပေါ်သို့ရောက်သောအခါ အလွန်မော၍ ပါးစပ်မှပင် အမြုပ်များထွက်နေကြသည်။ တအောင့်အကြာတွင်ဖခင်က
ဖခင် - သားရှိုင်းရေ ကြည့်ပါဦးသားရယ် တောင်အောက်က ရှုခင်းတွေ ဘယ်လောက်စိမ်းလန်းဆိုပြေပြီး သာယာလှပလိုက်သလဲဆိုတာ (ဒီအချိန်မှာ သားက အောက်ပါအတိုင်းပြန်ပြောလိုက်သည်)
ရှိုင်း - အဖေရယ် တောင်အောက်ကရှုခင်းတွေက သာယာလှပနေတယ်ဆိုလဲ ဘာလို့အပင်ပန်းခံပြီး တောင်ပေါ်တက်လာရသေးလဲ ခုတော့ဗျာ ၀ူးးးးးးးးး မောလိုက်တာ

အဖေ = သားမင်းတို့ဒီနေ့ အောင်စာရင်းထွက်တယ်ဆိုအောင်လား
သား = ဟင့်အင်း ဖေဖေ သားကျတယ်
အဖေ = ဘာ........မင်းကိုစာမေးပွဲအောင်ရင် ငွေတစ်ထောင် ဆုချမယ်လို့ပြောထားတယ်လေ မင်းကွာမကြိုးစားဘူး
သား = အဲ့လိုမဟုတ်ပါဘူးဖေဖေ
အဖေ = အမ်ဒါဆိုဘာလို့လဲ
သား = အဖေပိုက်ဆံကုန်မှာဆိုးလို့ပါ .. :)

၁)
တစ်ခါက လူတစ်ယောက်ဟာ မိတ်ဆွေတစ်ဦးရဲ့ အဘွားနေမကောင်းတာကို သတင်းမေးဖို့ ရောက်သွားခဲ့တယ်။ သတင်းမေးနေတုန်းမှာ သူက စားပွဲခုံပေါ် တင်ထားတဲ့ မြေပဲဆံတွေကို ယူစားတော့တယ်။ သတင်းမေးပြီး အိမ်ပြန်ခါနီး အဘွားကို မြေပဲဆံတွေအတွက် ကျေးဇူးတင်ကြောင်းပြောတော့ အဘွားက "အေး .. အဘွားလဲ အသက်ကြီးတော့ မ၀ါးနိုင်တော့တာနဲ့ အဲဒီမြေပဲဆံ အပြင်က ကပ်ထားတဲ့ ချောကလက်တွေလောက်ပဲ စုပ်စားနိုင်တော့တယ်ကွဲ့" ဟူတည်း။


ဆရာမတစ်ဦးက မူကြိုကလေးတွေကို အိမ်မွေးတိရိစ္ဆာန် အခေါ်အဝေါ်တွေ သင်ပေးနေတယ်။
ဆရာမ " ခြေနှစ်ချောင်းနဲ့ အိမ်မှာမွေးတဲ့ အကောင်တစ်မျိုးရှိတယ်။ မနက်မိုးလင်း နေထွက်တာနဲ့ အိမ်ရာထတော့လို့ ကလေးတို့ကို ထခိုင်းတတ်တယ်။ မထမချင်းလည်း အော်နေတတ်တယ်။ အဲတာ ဘာအကောင်လဲ သိလား"
ကလေးတွေက ဘာအကောင်မှန်း မသိလို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြတယ်။ အဲဒီအချိန်မှာ ကလေးတစ်ယောက်က ထအော်လိုက်တယ် "မေမေ" တဲ့။


ကင်ဆာရောဂါနဲ့ သေတော့မယ် လူတစ်ယောက်ကို သားဖြင့်သူက "ကင်ဆာရောဂါ ဖြစ်နေတာကို ဘာဖြစ်လို့ သတင်းလာမေးသူတိုင်းကို အေအိုင်ဒီအက်စ် ဖြစ်နေတယ်လို့ ပြောရတာလဲ ဖေဖေ" လို့ မေးတော့ အဖေဖြစ်သူ ဖြေလိုက်တာက "ဒါမှ ငါသေသွားရင် မင်းအမေကို တစ်ခြားလူ မကြံမှာပေါ့ကွ" ဟူတည်း။
Aung:

ကြောက်သွားပြ

ကြောက်သွားပြီ

သူငယ်ချင်းနှစ်ယောက် အရက်သောက်ရင်း စကားပြောနေကြသည်။ တစ်ယောက်ကပြောသည်။
"တော်ပြီကွာ။ ငါခုတလော လျှော့သောက်နေတယ်"
အံ့သြသွားသော အခြားသူငယ်ချင်းက အကြောင်းရင်းကိုမေးရာ ပထမတစ်ယောက်က ပြန်ဖြေသည်။
"တလောကကွာ။ ငါအပြင်မှာ သောက်တာ တော်တော်များသွားတယ်။ အဲဒါ အိမ်လဲပြန်ရောက်ရော တံခါးဖွင့်ပေးတဲ့ ငါ့မိန်းမက နှစ်ယောက်ဖြစ်နေတယ်လို့ ငါ့မျက်လုံးထဲမှာ မြင်လိုက်ရတယ်။ နောက်တစ်ခါ အဲဒီလောက် ကြောက်စရာကောင်းတဲ့ ခံစားချက်မျိုး ထပ်မဖြစ်ချင်တော့ဘူးကွာ"
ဧည့်သည်

လင်မယားနှစ်ယောက် စကားများ ရန်ဖြစ်ပြီးကာစတွင် အိမ်ရှေ့မှ လူခေါ်ခေါင်းလောင်းသံ မြည်လာသည်။ ယောက်ျားလုပ်သူက တံခါးသွားဖွင့်ပေးသည်။
အပြင်တွင် ဓားမြှောင်ကိုင်ထားသော မျက်နှာဖုံးစွပ် လူတစ်ဦး ရပ်နေသည်။ ပြီးတော့ အသံအက်အက်ကြီးဖြင့် ယောက်ျားလုပ်သူအား ပြောသည်။
"ကျုပ်က လူသတ်သမားပဲ။ မိန်းမတွေကို လည်လှီးပြီး သတ်ပစ်ချင်တယ်"
ယောက်ျားဖြစ်သူက ထိုလူအား ဘာမှပြန်မပြောတော့ဘဲ အိမ်ထဲသို့ လှမ်းအော်သည်။
"မိန်းမရေ၊ ဟောဒီမှာ မင်းနဲ့တွေ့ချင်လို့တဲ့။ ဧည့်သည် လာတယ်ဟေ့။"
ကံကောင်းတဲ့ မောင်

လူတစ်ဦး ကားတိုက်ခံရပြီး ဆေးရုံသို့ ရောက်လာသည်။ သတင်းကြားသဖြင့် ဆေးရုံသို့ လိုက်လာသော ၄င်း၏ဇနီးက ၀မ်းသာအားရပြောသည်။
"မောင်ရယ်၊ ကံကောင်းလိုက်တာနော်။ မနေ့ကပဲ မောင် မတော်တဆမှုအတွက် အာမခံ လုပ်ထားလိုက်တယ်။ ဟော … ဒီနေ့ပဲ ကားတိုက်ခံရပြီ"

Tuesday, June 8, 2010

ကျွန်တော်ရဲ.ဦးလေးဘကြီးရဲ. လဘက်ရည်ဆိုင် မှတ်တမ်း

                       စိတ်ထဲမှာ ကျွန်တော်ရဲ.ဘကြီးဦးလေးကိုသတိရနေမိတယ် ဘာရယ်မဟုတ်ဘူး စာလဲရေးချင်နေမိတာနဲ. ဘကြီးရဲ.ရိုးသားဖြူစင်တဲ.အမှားလေးကိုလဲပြန်မြင်ယော်င်လာမိတယ်  ကျွန်ေတာ်ရဲ.ဦးလေး ဘကြီးဟာ လူပျိုးကြီးပါ  ဖေဖေဘက်ကတော်တာပါ ညီကိုမောင်နှမ လေးယောက်ရှိပါတယ် ဖေဖေ တို.ဘက်က ပေါ. ။
                       ဖေဖေက အငယ်ဆုံးပါမောင်နှမတွေ ထဲမှာ အိမ်ထောင် အစောဆုံးကျတာလဲဖေဖေပါပဲ....အစ်မကြီးကအကြီးဆုံး ရှေးကျလွန်းပြီး ပိုက်ဆံအရမ်းစုတယ် ဘယ်ကိုမှလဲမသွားဘူး မရောက်ဘူး လူပျိုအပျိုကြီးတွေပဲ ဖေဖေထက်မှာ အကိုနှစ်ယောက်ရှိပါတယ် အခုပြောချင်တာက ဖေဖေအထက် ဖေဖေအစ်မကြီး ရဲ.အောက် ကအကိုပါ ဦလေးဘကြီးက အရမ်းရိုးပါတယ် သေဆုံးထိတိုင်အောင်လူပျိုကြီးဘဝနဲ.ဆုံးပါသွားတယ်။
                       ရေးချင်တာက ကျွန်တော်.ဘကြီးဦးလေးရဲ.ဟာသလေး ဖြစ်ပုံပါ ဦးလေးဘကြီးဘယ်လောက်ရိုးသလဲဆို လဘက်ရေ ဆိုင်တောင်မထိုင်ဘူးပါဘူး တနေ.သူက လဘက်ရည်ဆိုင်သွားထိုင်တယ် လဘက်ရည်ဆိုင်ဆိုတော. မုန်.တွေစားချင်တာစားလို.ရအောင် အကုန်လာချတာပေါ. စားသလောက်ရှင်းပေါ.  ဒါကိုသူကမသိဘူး သူသိတာက ဒီမုန်.တွေ အကုန်လုံးကို သူပိုက်ဆံပေးရမယ်ထင်နေတယ်။
                         အဲ.တာနဲ.လဘက်ရည်ကလဲမှာ ပြီးနေပြီ   မုန်.တွေကလဲ ချန်ခဲ.ရင် နှမြောစရာကြီးပေါ. သူတွေးတယ် အဲ.တာနဲ.မုန်.တွေကိုအကုန် စားပစ်လိုက်တယ်   ပြီးတော.ရှင်းတော. ပိုက်ဆံကမလောက်တော.ဘူး မလောက်တော. ဆိုင်ရှင်ကို ပြောတယ် နောက်မှလာပေးမယ်ပေါ. ဦးလေးဘကြီးတို.ကရိုးသားပြီး သူတို.ရွာမဆီမှာ ပိုက်ဆံအရှိဆုံးပါ နေတာက ဥက္က္ကံ ပါ တိုက်ကြီးဟိုဘက်က သူတို.နေတဲ.ဆီကနေ မြို.ထဲကို ၁၅ မိနစ်လောက် ကားစီးရင် ရောက်ပါတယ် ။
                          အဲ.တာနဲ.ပဲ ဦးလေးဘကြီးရိုးအ တာကိုသိလဲသိတဲ. ဦးလေး ဘကြီးရဲ. မိတ်ဆွေနဲ.တွေ.တော.မှ ဦးလေးဘကြီးကို ဟ ကိုနေဝင်းရ အဲ.ဒီမုန်.တွေက ကိုစားသလောက်ပဲရှင်းရတာဟ  အကုန်လုံးပေးရတာမဟုတ်ဘူး ဆိုတော.မှကျွန်တော.ရဲ.ဦးလေးဘကြီး သဘောပေါက်သွားတယ်း)))))
                          အဲ.တော.မှဦးလေးဘကြီးလဲ ရှက်ကိုးရှက်ကန်းနဲ. မသိဘူးလေကွာငါက မုန်.တွေလာချပေးတော.အကုန်လုံး ပေးရမယ်ထင်နေတာ အဲ.တာနဲ. ချန်ခဲ.ရင်လဲနှမြောစရာ ကြီးဖြစ်မှာဆိုးလို.အကုန်စားပစ်လိုက်တာဆိုပဲး))))
                           အခုတော.ဦးလေးဘကြီးဆုံးသွားပါပြီ  သူတို.ကလယ်တွေလုပ်ကြတာပါ လယ်ကွင်းထဲမှာပဲ အောင်.တယ်အောင.်တယ် ဆိုပြီး ပြောပြီး လူးလိမ်.နေတယ် ခဏအကြာမှာဆုံးသွား တာပါပဲ အဲ.အကြောင်းကိုသူနဲ.အတူနေဖို.ထည်.ထားတဲ.ကောင်လေးတယောက်ကပြန်ပြောပြတယ် အဲ.လယ်ကွင်းထဲမှာ ကျက်သရဲတွေလဲရှိတယ်ပြောတယ် သူကငရုတ်သီး အညှော်လုပ်တယ်ေ ပြာတယ် အဲ.တာနဲ. ကျက်တွေက ကိုင်လိုက်တာလို.လဲပြောတယ် ။
                           ကျက်တွေကငရုတ်းသီး အညှော် တော်တော် ကြောက်တယ်ပြောတယ် လူကြီးတွေပြောကြတာပါ ကျွန်ေတာ်လဲသေချာမသိပါဘူး ။ ဦးလေးဘကြီးဆုံးပြီးမကြာပါဘူး  အစ်မအကြီးဆုံး အပျိုကြီးပါပဲ ထပ်မံဆုံးရှာပါတယ် ဦးနှောက် ထဲပြည်တည်ပြီး ကုရင်းကနေပဲ ဆုံးသွားတယ် အဲ.ဒဏ်ရာက ငယ်ငယ်လေးထဲက လှေကားကနေ ပြုတ်ကျပြီး ရခဲ.တာပါ အခုမှ ပြန်လည်ပြီး ပြန်ဖြစ်တာ အဲ.ဒီကြီးမေ မသေခင် သူ.မောင်ဖေဖေ ထက်က ဖေဖေအကို ကို မိန်းမ ပေးစားခဲ.ပါတယ် ချစ်လို.ကြိုက်လို.လဲမဟုတ်ဘူး
                            ကြီးမေက သင်.လျော်တယ် ဆိုပြီး ပေးစားလိုက်တာပါ အခုတော.သားလေး၂ ယောက်ရနေပါပြီ ကျွန်ေတာ်တော်တော်ချစ်ပါတယ် အကြီးကောင်လေးက မင်းမော်ကွန်းနဲ.တူတယ် စာလဲတော်တယ် ။
                            အဲ.ဒီလောက်ထိရိုးသားပြီး အ ကြတဲ. ကျွန်တော်.ရဲ. ဥိးလေး ဒေါဒေါတွေပါ ....အခုတော. ညီကို ၂ယောက်ပဲကျန်ပါတယ် ဒီစာလေးကိုရေးသားရင်း ကျွန်တော်ရဲ. ကြီးမေရယ် ဦးလေဘကြီး ၂ယောက် ကောင်းရာသုဂတိလားပါစေသားလို. ဆုတောင်မေတ္တာပို.ပါတယ် ။